ပေါင်ခြံဒဏ်ရာကြောင့် ဆန်ဒါးလန်း တိုက်စစ်မှူးဘိုရီနီ သုံးလနားရမည်

ပေါင်ခြံဒဏ်ရာကြောင့် ဆန်ဒါးလန်း တိုက်စစ်မှူးဘိုရီနီ သုံးလနားရမည်

စက်တင်ဘာ ၂၊ ဆန်းဒါးလန်း။             ။ ဆန်းဒါးလန်းတိုက်စစ်မှူး ဖေဘီယို ဘိုရီနီသည် ပေါင်ခြံဒဏ်ရာကြောင့် သုံးလကြာ အနားယူရမည်ဖြစ်သည်။ အသက် ၂၅ နှစ် အရွယ်ရှိ အီတလီ ကစားသမားသည်  ပြီးခဲ့သည့် စနေနေ့က ဆောက်သမ်တန်နှင့်တစ်ဂိုးစီသရေကျသည့်ပွဲတွင် အလွတ်ကန်ဘော ကန်ရာမှ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး လူစားလဲခံခဲ့ရသည်။

ဘိုရီနီအနားယူရမည်ဖြစ်သောကြောင့် အားထားရသည့်တိုက်စစ်မှူးအဖြစ် အသက် ၃၃ နှစ်အရွယ်ဒီဖိုးတစ်ဦးသာရှိပြီး အခြားတိုက်စစ်မှူးဖြစ်သည့် အဆိုရိုမှာ ၁၇ နှစ်သာရှိသေးသည်။

ဆန်းဒါးလန်းအသင်းသည် အပြောင်းအရွှေ့နောက်ဆုံးရက်တွင် အသက် ၂၉ နှစ်အရွယ် နောရစ်ချ်တိုက်စစ်မှူး နေးစမစ်ကို ခေါ်ယူရန်ကြိုးစားမှု မအောင်မမြင်ဖြစ်ခဲ့ရသည်။

ဂျာမိန်းလန်းစ်ကို ဖီနာဘာချီသို့ အငှားချထားရာ ဆန်းဒါးလန်းနည်းပြ မိုယက်စ်အတွက် တိုက်စစ်တွင်ထားကစားရန် အခြားနည်းလမ်းအဖြစ် အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမား ဝက်မိုးနှင့် မန်ယူမှအငှားဖြင့်  ခေါ်ထားသည် ယာနူဇာတို့သာ ရှိနေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly