တောင်ကိုရီးယား၏ အွန်လိုင်းရှော့ပင်းလုပ်ငန်း စံချိန်တင် တိုးတက်ကြီးထွားလာ

တောင်ကိုရီးယား၏ အွန်လိုင်းရှော့ပင်းလုပ်ငန်း စံချိန်တင် တိုးတက်ကြီးထွားလာ

စက်တင်ဘာ ၁ ။                         ။ တောင်ကိုရီးယား နိုင်ငံတွင် အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်မှု စံချိန်တင် တိုးပွားမြင့်တက်လာခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံရှိ ဈေးဝယ်သူ ဖောက်သည် အများအပြားမှာ အစဉ်အလာအရ ဈေးဆိုင်များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဝယ်ယူနေခြင်းမှ ပြောင်းလဲကာ အွန်လိုင်းဈေးဝယ်ခြင်း လုပ်ငန်းကို   ပြောင်းလဲလာကြပြီဟု စက်တင်ဘာလ ၁ ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

ဆိုက်ဘာကနေ ဈေးရောင်းဈေးဝယ်မှု ပမာဏသည် ယခင်အစောပိုင်း တစ်နှစ်ကထက် နှိုင်းယှဉ်ပါက ယခုနှစ် ဇူလိုင်လတွင် ၁၇  ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စုစုပေါင်း ကိုရီးယားဝမ် ၅ ဒသမ ၅၇ ထရီလီယံ (ဒေါ်လာ ၄ ဒသမ ၉၇ ဘီလီယံ) ထိ ရှိခဲ့ကြောင်း စာရင်းအင်းဌာနက ထုတ်ပြန်သည်။

အလားတူ မိုဘိုင်းဖုန်းတွေကနေတဆင့် ကုန်ပစ္စည်း၊ဝန်ဆောင်မှုတွေ ဝယ်ယူသုံးစွဲမှုပမာဏသည်လည်း ယင်းလအတွင်းမှာ ၃၆ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး တန်ဖိုး ဝမ် ၂ ဒသမ ၉၃ ထရီလီယံ ထိ မြင့်တက်ခဲ့သည်။

လက်တလောကာလ နိုင်ငံတွင်  ပုံမှန်မဟုတ်ဘဲ ထူးခြားသည့် နေ့အပူချိန်ကြောင့်လည်း ဈေးဝယ်သူ ဖောက်သည်များမှာ အပြင်ထွက် ဈေးဝယ်ခြင်းမျိုးကို ရှောင်ပြီး ၎င်းတို့၏ စမတ်ဖုန်းများကနေတဆင့် ဝယ်ယူ သုံးစွဲနေကြသည့်အတွက်ကြောင့် ယခုလို မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly