ကောလဟာလတွေ သတ်တာ ခံနေရတယ်လို့ မိုးအောင်ရင်ပြော

ကောလဟာလတွေ သတ်တာ ခံနေရတယ်လို့ မိုးအောင်ရင်ပြော
ဓာတ်ပုံ-မိုးအောင်ရင်(ဖေ့ဘုတ်စာမျက်နှာ)
 

ဆေးမှုနဲ့အဖမ်းခံနေရတဲ့ ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်က ကောလဟာလတွေက သူ့ကို သတ်နေတယ်လို့ သူ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပြီး မကြာခင်မှာ ပြန်ဆုံမယ့်အကြောင်း ဆိုထားပါတယ်။ “ကောလာဟလတွေက ကျွန်တော်ကို သတ်နေသလိုပါပဲ။ မကြာခင် ပြန်တွေ့ပါမယ်။ စစ်မှန်တဲ့ မိတ်ဆွေသူငယ်ချင်းနဲ့ မိသားစု မေတ္တာတွေရဲ့ တန်ဖိုးကို ကျွန်တော်ခု သိပါပြီ” လို့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားပါတယ်။

“လောလောဆယ် ကျွန်တော် အဆင်ပြေပါတယ်၊ ပြောချင်တာက လက်တလော ထွက်နေတဲ့ သတင်းတစ်ချို့က အမှန်တွေမဟုတ်ပါဘူး၊ ဒါကြောင့်မို့ အင်တာနက်ပေါ်မှာ တွေ့သမျှ သတင်းတွေကို မယုံပါနဲ့လို့ ပြောပါရစေ။ ပြဿနာတွေ ကျွန်တော်ရှင်းပြီးသွားရင်တော့ အားလုံးကို ရှင်းပြပါမယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ကျွန်တော်တို့အတွက် တကယ်စိုးရိမ်တယ်ဆိုရင် ဘာမှမဖြစ်သလို မသိချင်ယောင် ဆောင်ထားပေးပါ” လို့လည်းဆိုပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ အခုလိုရေးထားတာပါ

Dear Friends and fans

First of all I want to thank you all for worrying me. And I want to let you all know that I'm doing fine. Some of the news are not true so pls don't believe everything you see on the Internet. I will let you all know after I clear up my problems. But in the meantime if you truly cares bout me just pretend that I don't exist on this planet because the truth is, rumours are killing me.

Pls help me out by doing just that. Pretend that I don't exist. See you all soon enough.

PS : now I know the value of "TRUE" friendship and family love. I love you guys.

ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် မိုးအောင်ရင်ကို သြဂုတ်လ ၁၉ ရက်နံနက်  ၄ နာရီဝန်းကျင်က ပုဇွန်တောင် မြို့နယ်၂ ရပ်ကွက်၊ သာယာကုန်းလမ်းရှိ နေအိမ်တစ်ခုမှာ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မျိုးသန့်က မဇ္ဈိမကို ပြောဆိုထားပါတယ်။

သူ့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ) ၊ ပုဇွန်တောင်မြို့မ ရဲစခန်း ပ ၆ /၁၆(မယ)ဖြင့် အမှုဖွင့်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly