နောက်ခံလူဒေးဗစ်လုဇ်ကို ပေါင် ၃၄ သန်းဝန်းကျင်ဖြင့် ချယ်လ်ဆီး ပြန်လည်ခေါ်ယူ

နောက်ခံလူဒေးဗစ်လုဇ်ကို ပေါင် ၃၄ သန်းဝန်းကျင်ဖြင့် ချယ်လ်ဆီး ပြန်လည်ခေါ်ယူ

စက်တင်ဘာ ၁၊ လန်ဒန်။                     ။ ချယ်လ်ဆီးအသင်းသည် ပီအက်စ်ဂျီအသင်းမှဘရာဇီးနောက်ခံလူ ဒေးဗစ်လုဇ်ကို ပေါင် ၃၄ သန်းဖြင့် ပြန်လည်ခေါ်ယူလိုက်သည်။

ချယ်လ်ဆီးအသင်းသည် ဖီအိုရင်တီးနားမှ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုကို ပေါင် ၂၃ သန်းခန့်ဖြင့်ခေါ်ယူနိုင်ခဲ့သကဲ့သို အသက် ၂၉ နှစ်အရွယ် လုဇ်ကိုလည်း   ပြန်လည် ခေါ်ယူလိုက်နိုင်ခြင်း   ဖြစ်သည်။

ဒေးဗစ်လုဇ်သည် စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်နှင့် သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်။ လုဇ်သည် ၂၀၁၁ ဇန်နဝါရီတွင် ဘင်ဖီကာမှ ချယ်လ်ဆီးသို့ ပေါင် ၂၁ ဒသမ ၃ သန်းဖြင့် ပထမအကြိမ်ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၄ တွင် ပီအက်စ်ဂျီသို့ပေါင်သန်း ၄၀ ခန့်ဖြင့် ပြောင်းရွှေ့သွားခြင်းမရှိမီ ၁၄၃ ပွဲကစားခဲ့သည်။

ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၅၆ ပွဲကစားခွင့်ရထားသည့် လုဇ်သည် ၂၀၁၂ တွင်ချယ်လ်ဆီးအသင်းနှင့်အတူ ချန်ပီယံလိဂ်နှင့် အက်ဖ်အေဖလားရခဲ့သကဲ့သို့ ၂၀၁၃ တွင်လည်း ယူရိုပါလိဂ် ဖလားရခဲ့သည်။

ပီအက်စ်ဂျီအသင်းတွင် ပြင်သစ်လိဂ်-၁ ဖလားနှစ်လုံးရယူနိုင်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly