မလေးရှားတွင် ပထမဆုံး ဇီကာပိုး စတင်ကူးစက်ခံရမှု တွေ့ရှိကြောင်း အတည်ပြု

မလေးရှားတွင် ပထမဆုံး ဇီကာပိုး စတင်ကူးစက်ခံရမှု တွေ့ရှိကြောင်း အတည်ပြု

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁ ။                   ။ မလေးရှားနိုင်ငံက ဇီကာပိုးကူးစက်ခံရသူ ပထမဆုံးတွေ့ရှိကြောင်း အတည်ပြုသည်။ စင်ကာပူသို့ သွားရောက်လည်ပတ်ခဲ့သည့် အသက် ၅၈ နှစ်ရှိ အမျိုးသမီးတစ်ဦးတွင် ဇီကာပိုးကူးစက်ခံရကြောင်းကို သြဂုတ် ၁၉ ရက်က တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဆူဘရာမန်နီအမ်းက စက်တင်ဘာ ၁ ရက်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကလန်ပြည်နယ် ဘန်ဒါဘိုတန်နစ်အရပ်တွင် နေထိုင်သူအမျိုးသမီးဖြစ်ပြီး ဆန်ဂီဘူလက်ရှ်အစိုးရဆေးရုံတွင် တင်ထားကုသလျက်ရှိကြောင်း ၎င်းက ပြောသည်။  ဇီကာပိုး ကူးစက်မှုတွေ့ရှိသည့် အမျိုးသမီးမှာ စင်ကာပူက ပြန်လာခဲ့ပြီး သီတင်းတစ်ပတ်အတွင်း ဖျားနာမကျန်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စင်ကာပူတွင် အလုပ်လုပ်နေသည့် ထိုအမျိုးသမီး၏ သမီးဖြစ်သူတွင်လည်း ဇီကာပိုးကူးစက်ခံထားရကြောင်း ကျန်းမာရေးဝန်ကြီးက အတည်ပြုသည်။

ဇီကာပိုးကူးစက်မှုအတွက် လိုအပ်သည်များကို လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါဝန်ကြီးက ပြောဆိုလျက် ပြည်သူများအနေဖြင့်လည်း ရောဂါပိုးမွှားကာကွယ်ရေးအရာရှိများ အိမ်များတွင် ဆေးလိုက်ဖျန်းပါက ခွင့်ပြုကြရန်လည်း တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags