အမေရိကန်နိုင်ငံသူအား သူလျှိုမှုဖြင့် စစ်ဆေးနေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော

အမေရိကန်နိုင်ငံသူအား သူလျှိုမှုဖြင့် စစ်ဆေးနေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော

ပေကျင်း၊ စက်တင်ဘာ ၁ ။           ။ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံတွင် ဖမ်းဆီးခဲ့သည့် အမေရိကန်အမျိုးသမီးကို သူလျှိုလုပ်မှုဖြင့် စစ်ဆေးနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်တစ်ဦးဖြင့် နေထိုင်နေသည့် အသက် ၅၆ နှစ်ရှိ ဆန်ဒီဖန်းဂျီလက်စ်အား ၂၀၁၅ မတ်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆန်ဒီ၏ ခင်ပွန်းသည် ဂျက်ဖ်ဂျီလက်စ်က ယခုစစ်ဆေးနေမှုက အလုံးစုံမှားယွင်းမှု ကျုးလွန်နေခြင်းဖြစ်ကြောင်း၊ ဆန်ဒီအား ပြန်လွှတ်ပေးသင့်ကြောင်း တောင်းဆိုသည်။

ယခုကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် ကျန်ကျို့တွင် ဂျီ-၂၀ ထိပ်သီးညီလာခံသို့ သမ္မတအိုဘားမား လာရောက် မတက်ရောက်မီ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

တရုတ်၏ တောင်တရုတ်ပင်လယ်တွင် ပိုင်ဆိုင်ကြောင်း အတည်ပြု သတ်မှတ်နေမှုများကြောင့် အပြင် ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့်ပါ အမေရိကန်နှင့် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်နေစဉ် သမ္မတအိုဘားမားက တရုတ် ခရီးစဉ်အတွင်း စက်တင်ဘာ ၃ ရက်၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags