ဘရာဇီးသမ္မတအား လွှတ်တော်က ရာထူးက ဖယ်ရှား

ဘရာဇီးသမ္မတအား လွှတ်တော်က ရာထူးက ဖယ်ရှား

ရီယိုဒီဂျနေရိုး၊ စက်တင်ဘာ ၁ ။                 ။ ဘရားဇီးသမ္မတ ဒဲလ်မာရိုဆက်ဖ်အား ဘတ်ဂျက်အသုံးစရိတ်တွင် ကြိုးကိုင်ခြယ်လှယ်ခြင်းအတွက် လွှတ်တော်က ရာထူးဖယ်ရှားရန် မဲပေးခဲ့ကြသည်။

အမျိုးသမီးသမ္မတဖြစ်သူ ရိုဆက်ဖ်၏ အလုပ်သမားပါတီ အာဏာ ၁၃ နှစ်ကြာ ပိုင်စိုးထားခြင်း အဆုံးသတ်လည်းဖြစ်သည်။ ရိုဆက်ဖ်က ယင်းစွပ်စွဲချက်များအား ငြင်းထားသည်။

၎င်းအား ရာထူးဖယ်ရှားရေးကို အမတ် ခြောက်ဆယ့်တစ်ဦးက ထောက်ခံမဲပေးပြီး ၂၀ ကသာ ကန့်ကွက်ခြင်းဖြစ်၍ သမ္မတရာထူးမှ ဖယ်ရှားနိုင်ခြင်း မဲအရေအတွက် သုံးပုံနှစ်ပုံ အများစု ပြည့်မီရရှိခြင်းလည်းဖြစ်သည်။

သမ္မတသစ်အဖြစ် မိုက်ကယ်တီးမားက ကျမ်းသစ္စာဆိုပြီး ရိုဆက်ဖ်၏ သမ္မတသက်တမ်း ၂၀၁၉ ဇန်နဝါရီ ၁ ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းသွားမည်လည်းဖြစ်သည်။  ဗဟိုလက်ယာ PMDB ပါတီမှ နိုင်ငံရေးသမားဖြစ်သူ တီးမားက အဆိုပါ လွှတ်တော်ကြားနာမှုအတွင်း ခေတ္တသမ္မတအနေဖြင့် ဆောင်ရွက်ခဲ့သည်။

မဲပေးကြပြီးနောက် ပထမဆုံးကက်ဘိနက်ဝန်ကြီးအဖွဲ့တွေ့ဆုံမှုတွင် တီးမားက သူ့၏ သမ္မတအဖြစ် ရာထူးအပ်နှင်းခံရခြင်းက ခေတ်သစ်ကို မွေးဖွားလိုက်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags