တည်ငြိမ်သည့် အချိန်ကာလတစ်ခု ရောက်မှသာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့သင့်ဟု ဒေါက်တာအေးမောင်ပြော

တည်ငြိမ်သည့် အချိန်ကာလတစ်ခု ရောက်မှသာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့သင့်ဟု ဒေါက်တာအေးမောင်ပြော

ရန်ကုန်၊ သြဂုတ် ၃၁ ။               ။ နိုင်ငံရေး အခြေအနေတည်ငြိမ်သည့် အစိုးရသက်တမ်း အချိန်ကာလတစ်ခုရောက်မှသာ ရခိုင်ပြည်နယ်အရေးကို ဆောင်ရွက်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

"ဖွံ့ဖြိုးရေးက ဇီးရိုးဗျာ၊ အစိုးရဝန်ကြီးဌာန အားလုံးကို ကိုင်နိုင်တဲ့ အနေအထားမရှိဘူး၊ ဟိုတို့ဒီတို့နဲ့ အကုန်လုံး စီးပွား ရေးချွတ်ခြုံကျတယ်၊ ဘာမှ မလုပ်တတ် မကိုင်တတ် အဲ့လိုအခြေအနေမျိုးမှာ ဒီကိစ္စကြီးကြီးမားမားကို ကိုင်ဖု့ိ အချိန်မ ဟုတ်ဘူး" ဟု ဒေါက်တာအေးမောင်က ဆိုသည်။

သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံး က ဖွဲ့စည်းပေးခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အပေါ် ယုံကြည်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့က   နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ပြောကြားခဲ့သည်။

ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်အပေါ် ယုံကြည်စိတ်ချ၍ မရကြောင်း၊ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ကော်မ ရှင်က သုံးစွဲလာပါက အစိုးရအနေနှင့် ငြင်းဆန်ဖို့ မသေချာကြောင်း ဒေါက်တာအေးမောင်က ထပ်လောင်းပြောဆိုခဲ့ သည်။

နိုင်ငံတော်အတိုင်ပင်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကလည်း သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် အစိုးရဘက်က သမိုင်းကြောင်းအရ သမာသမတ်ကျတဲ့၊ ဘက်လိုက်မှု ကင်းတဲ့ တွေ့ရှိချက်တွေ ဖြစ်လာဖို့ တာဝန်ယူကြောင်း ရေးသား ထားသည်။

သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီက ပေါက်တော မြို့ နယ် အမတ် ဦးအောင်ကျော်ဇံတင်သွင်းသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို မြန်မာနိုင်ငံသားများဖြင့်သာ ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က လက်ခံခဲ့သည်။

အဆိုပါ ရခိုပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦး ဆောင်သည့် ပြည်ပပညာရှင်သုံးဦးနှင့် နိုင်ငံသားပညာရှင်ခြောက်ဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly