အာဆင်နယ်နောက်ခံလူချမ်ဘာကို မစ်ဒယ်ဘရော့အသင်း အငှားဖြင့်ခေါ်ယူ

အာဆင်နယ်နောက်ခံလူချမ်ဘာကို မစ်ဒယ်ဘရော့အသင်း အငှားဖြင့်ခေါ်ယူ

သြဂုတ် ၃၁၊ မစ်ဒယ်ဘရော့။              ။ မစ်ဒယ်ဘရော့အသင်းသည် အာဆင်နယ်နောက်ခံလူ ချမ်ဘာကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ ဗဟိုနောက်ခံ နေရာနှင့် ညာနောက်ခံနေရာတွင်ကစားနိုင်သည့် အသက် ၂၁ နှစ်အရွယ်ချမ်ဘာသည် ၂၀၁၄ တွင် ဆောက်သမ်တန်မှ အာဆင် နယ်သို့ ပေါင် ၁၆ သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

အာဆင်နယ်အသင်းတွင်အလျှင်အမြန်ပွဲထွက်ခွင့်ရခဲ့ပြီး အင်္ဂလန်အသင်းတွင်လည်း သုံးပွဲကစားခွင့်ရခဲ့သော်လည်း ယမန်နှစ် ရာသီတွင်မူ ပရီးမီးယားလိဂ်ပွဲ ၁၂ ပွဲသာ ကစားခဲ့ရသည်။

ချမ်ဘာ၏ အာဆင်နယ်နှင့် အင်္ဂလန်အသင်းဖော် ဝီလ်ရှီးယားသည်လည်း အငှားဖြင့်ထွက်ခွာရဖွယ်ရှိနေသည်။ ချမ်ဘာသည် အခြားအသင်းကိုငြင်းပယ်ပြီး ပြောင်းလာခဲ့ခြင်းဖြစ်သည်ဟု မစ်ဒယ်ဘရော့နည်းပြ ခရန်ကာက ပြောသည်။

ဂိုးသမားဗဲလ်ဒက်စ်၊ တိုက်စစ်မှူး နီဂရီဒို၊ ကွင်းလယ်လူ မာတန်းဒီရွန်း စသည့်ကစားသမားများကိုခေါ်ယူထားသည့် ပရီးမီးယား လိဂ်ကလပ် ဘိုရို (မစ်ဒယ်ဘရော့)အသင်းအတွက် ချမ်ဘာမှာ ယခုနှစ်နွေရာသီအတွင်းခေါ်ယူသည့် ၁၁ ယောက်မြောက် ကစားသမားဖြစ်လာခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly