အီတလီတိုက်စစ်မှူး အိုကာကာကို ဝက်ဖို့ဒ်အသင်းခေါ်ယူ

အီတလီတိုက်စစ်မှူး အိုကာကာကို ဝက်ဖို့ဒ်အသင်းခေါ်ယူ

သြဂုတ် ၃၀၊ ဝက်ဖို့ဒ်။             ။ ဝက်ဖို့ဒ်အသင်းသည် အန်ဒါလက်ချ်အသင်းမှ အီတလီတိုက်စစ်မှူး စတီဖာနို အိုကာကာကို မဖော်ပြသည့်ပြောင်းရွှေ့ကြေး၊ ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

အသက် ၂၇ နှစ်ရှိ အိုကာကာသည် ပြီးခဲ့သည့်ရာသီက ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရောက်ခဲ့ပြီး ဘယ်လ်ဂျီယံပရိုလိဂ်တွင် တတိယရခဲ့သည့် အန်ဒါလက်ချ်အသင်းအတွက် ၁၇ ဂိုးသွင်းယူခဲ့သည်။

၂၀၁၀ ခုနှစ်ကလည်း ဖူလ်ဟမ်းအသင်းတွင် လေးလအငှားဖြင့်လာရောက်ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ် ၁၁ ပွဲ၌ နှစ်ဂိုးသွင်းနိုင်ခဲ့ သည်။

ရိုးမားကစားသမားဟောင်းအနေဖြင့် အီတလီအသင်းအတွက်လေးပွဲကစားပြီး တစ်ဂိုးသွင်းနိုင်ခဲ့သော်လည်း ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အီတလီအသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

ဝက်ဖို့ဒ်အသင်းသည် ယခုနှစ်ပရီးမီးယားလိဂ်တွင်နိုင်ပွဲမရသေးဘဲ ချယ်လ်ဆီးနှင့်အာဆင်နယ်ကို အိမ်ကွင်းတွင်ရှုံးကာ ဆောက်သမ်တန်ကို သရေကျထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly