ထိုင်းနယ်စပ်အနီး မြန်မာဖက်ခြမ်းတွင် ငလျင်ငယ်တစ်ခု လှုပ်

ထိုင်းနယ်စပ်အနီး မြန်မာဖက်ခြမ်းတွင် ငလျင်ငယ်တစ်ခု လှုပ်

ဘန်ကောက်၊ သြဂုတ် ၃၀ ။       ။ ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင် အနောက်မြောက်ဖက် ၁၆ ကီလိုမီတာအကွာ မြန်မာဖက်ခြမ်းတွင် အင်အားရစ်ချ်တာစကေး ၃ အဆင့်ရှိ ငလျင်ငယ်တစ်ခု သြဂုတ် ၃၀ ရက် နံနက် ၃ နာရီ ၂၈ မိနစ်က လှုပ်သွားကြောင်း ထိုင်းမိုးလေဝသဌာန မြေငလျင်ဆိုင်ရာဗျူရိုက ပြောသည်။

သေကျေပျက်စီးမှုသတင်း လတ်တလော မသိရသေးပေ။

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံတွင် ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်ကြီးလှုပ်သွားခဲ့၍ လူလေးဦးသေဆုံးခဲ့ကာ ပုဂံရှိ စေတီပုထိုးပေါင်း ၂၀၀ နီးပါး ပျက်စီးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly