လစ်ဗျားကမ်းလွန်တွင် လှေစီးရွှေ့ပြောင်းသူ ၆၀၀၀ ကျော်ကို ကယ်တင်ရ

လစ်ဗျားကမ်းလွန်တွင် လှေစီးရွှေ့ပြောင်းသူ ၆၀၀၀ ကျော်ကို ကယ်တင်ရ

ထရီပိုလီ၊ သြဂုတ် ၃၀ ။                  ။ ယခုလက်ရှိထိ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များအတွင်း အကြီးဆုံးကယ်ဆယ်ရေးလုပ်ငန်းတစ်ခုတွင် လစ်ဗျားကမ်းလွန်၌ လှေစီးရွှေ့ပြောင်းသူ ၆၅၀၀ ဝန်းကျင်ကို အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်လိုက်ရသည်။

ဆာဘရာသာမြို့ ၁၂ မိုင်အကွာခန့်တွင် ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းပေါင်း ၄၀ ခန့် ပြုလုပ်ခဲ့ကြောင်း အီတလီကမ်းခြေစောင့်တပ်က ပြောသည်။

အီရီထရီးယားနှင့် ဆိုမာလီနိုင်ငံတို့မှ ဖြစ်သည်ဆိုသော အဆိုပါ လှေစီးရွှေ့ပြောင်းသူများက ကယ်ဆယ်ရေးသင်္ဘောများကို တွေ့လိုက်စဉ် ဝမ်းသာအော်ဟစ်ခြင်း၊ တစ်ချို့က သင်္ဘောများဆီ   ရေကူးလာခြင်းများ ပြုလုပ်ကြသည်ကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။

သြဂုတ် ၂၉ ရက်က ယင်းနေရာဝန်းကျင်မှပင် ရွှေ့ပြောင်းသူ ၁၁၀၀ ကျော်ကို ကယ်ဆယ်ခဲ့ရသည်။ လစ်ဗျားတွင် မတည်ငြိမ်မှုများ ဖြစ်ပွားနေ၍ လူမှောင်ခို ကုန်ကူးမှုများက တင်းကြမ်းဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly