ယီမင်နိုင်ငံရှိ စစ်စခန်းတစ်ခုတွင် အသေခံ ကားဗုံးခွဲမှု ဖြစ်ပွားပြီး ၆၀ ဦးထက်မနည်းသေဆုံး

ယီမင်နိုင်ငံရှိ စစ်စခန်းတစ်ခုတွင် အသေခံ ကားဗုံးခွဲမှု ဖြစ်ပွားပြီး ၆၀ ဦးထက်မနည်းသေဆုံး

သြဂုတ် ၂၉ ။              ။ ယီမင်နိုင်ငံ Aden မြို့ရှိ စစ်ဘက် လေ့ကျင့်ရေးစခန်းတစ်ခုတွင် သြဂုတ်လ ၂၉ ရက်က အသေခံကားဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၆၀ သေဆုံးသွားကြောင်း အာဏာပိုင်များက ပြောသည်။

လေ့ကျင့်ရေးတပ်သားသစ်များ စုဝေးရှိနေသော Aden မြို့ မြောက်ပိုင်းရှိ ယင်း စစ်တပ်စခန်းဝင်းအတွင်း ပေါက်ကွဲစေသော ပစ္စည်းများတင်ဆောင်လာသည့် ကားတစ်စီးကို အသေခံတိုက်ခိုက်သူက   မောင်းဝင်ဖောက်ခွဲသွားခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေး အရာရှိတစ်ဦးက ပြောသည်။

၎င်းအသေခံဖောက်ကွဲရေးသမား၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ သေဆုံးသွားပြီး ၂၉ ဦးထိခိုက်ဒဏ်ရာရရှိသွားသည်။

ယခုအခါတွင်မူ အစ္စလမ္မစ် နိုင်ငံတော်အုပ်စု အိုင်အက်စ်အဖွဲ့က ၎င်းတို့ ၏ အသေခံတပ်သားတစ်ဦးကို လုပ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags