ခြေစွမ်းပြန်လည်ပြသနိုင်ခြင်း၏ လျှို့ဝှက်ချက်ကို ဟက်ဇက်ဖွင့်ဟ

ခြေစွမ်းပြန်လည်ပြသနိုင်ခြင်း၏ လျှို့ဝှက်ချက်ကို ဟက်ဇက်ဖွင့်ဟ

သြဂုတ် ၂၉၊ လန်ဒန် ။         ။ ယခုနှစ်ရာသီအစတွင် ခြေစွမ်းကောင်းပြန်လည်ရရှိနေခြင်းနှင့် ချယ်လ်ဆီးအသင်းရလဒ်များကောင်းနေခြင်းတို့မှာ နည်းပြ ကွန်တီကြောင့် ဖြစ်ကြောင်း ဟက်ဇက်က ဖွင့်ဟပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့်ရာသီက ရလဒ်များဆိုးရွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရသလို ဟက်ဇက်မှာလည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့သည်။ သို့သော် ယခုနှစ်ရာသီတွင် ချယ်လ်ဆီးမှာ ပရီးမီးယားလိဂ်တွင် သုံးပွဲဆက် အနိုင်ရနေပြီး ဟက်ဇက်မှာလည်း သုံးပွဲတွင် နှစ်ဂိုးသွင်းယူထားသည်။

‘ကျွန်တော်တို့တွေ ယုံကြည်မှုတွေပြန်လည်ရရှိဖို့ ကွန်တီ ကြိုးစားခဲ့ပါတယ်။ကျွန်တော်တို့စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့လို့ ကျွန်တော်တို့ကလည်း အရာရာပေးဆပ်ကြပါတယ်’

‘ကွန်တီက ကျွန်တော့်ကို တစ်ခါတစ်ရံ ဧရိယာထဲအထိဝင်ခိုင်းသလို တစ်ခါတစ်လေမှာလည်း နေရာလွတ်ကျယ်ကျယ်နဲ့ ကစားစေပါတယ်။ သူက ကျွန်တာ့်ကို ဂိုးတစ်ချို့သွင်းယူစေချင်ပြီး ကွဲပြားခြားနားအောင် လေ့ကျင့်ပေးပါတယ်’ ဟု ဟက်ဇက်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးစတား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly