ဆူမားတြားကျွန်းမြောက်ပိုင်းတွင် တွေ့ရှိသည့် ဆေးခြောက်စိုက်ခင်း ကိုးဟက်တာကို အင်ဒိုနီးရှားရဲများ ဖျက်ဆီး

ဆူမားတြားကျွန်းမြောက်ပိုင်းတွင် တွေ့ရှိသည့် ဆေးခြောက်စိုက်ခင်း ကိုးဟက်တာကို အင်ဒိုနီးရှားရဲများ ဖျက်ဆီး

သြဂုတ် ၂၉ ။                      ။ နိုင်ငံအနောက်မြောက်ပိုင်း တောင်ထူထပ်သော အရပ်ဒေသတွင် ခိုးစိုက်ထားသော ဆေးခြောက်စိုက်ခင်း ကိုးဟက်တာခန့်ကို အင်ဒိုရဲများက ဖျက်ဆီးခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယခုတွေ့ရှိဖျက်စီးခဲ့သော စိုက်ခင်းများမှာ ရိတ်သိမ်းရန်ပင် အသင့်ဖြစ်နေသည့် အဆင့်သို့ပင် ရောက်နေခဲ့သည်ဟုလည်း သိရသည်။

ရဲဝန်ထမ်း ဒါဇင်ပေါင်းများစွာမှာ ဆူမားတြားကျွန်း အနောက်မြောက်ပိုင်း တောင်ထူထပ်ရာ အရပ်ဒေသများတွင် ရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီးနောက် မတူညီသော နေရာနှစ်ခုတွင် စိုက်ပျိုးထားသော   ဆေးခြောက်စိုက်ခင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

" ပထမတစ်နေရာမှာ တွေ့တဲ့အခင်းက စိုက်ထားတာ သုံးလသက်တမ်းအရွယ်တောင် ရောက်နေပါပြီ၊ အပင်တွေရဲ့အမြင့်က ၁ ဒသမ ၅ မီတာလောက်တောင်ရှိနေပါြ့ပီ၊ ဒုတိယတွေ့တဲ့ အခင်းကျတော့လည်း ခြောက်လသက်တမ်းနဲ့အပင်အမြင့် ၃ မီတာတောင် ရှိနေပါပြီ" ဟု ရဲဌာနပြောခွင့်ရပုဂ္ဂိုလ် ဂိုနာဝမ်က ဆိုသည်။

ရဲများက အပင်တစ်ချို့ကို သက်သေအဖြစ် ယူဆောင်ခဲ့ပြီး ကျန်အခင်းအားလုံးကို မီးရှို့ဖျက်စီးပစ်လိုက်သည်ဟုလည်း သိရသည်။ ယင်းဆေးခြောက်စိုက်ခင်းရှင် မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို ရဲများက အသေးစိတ်ထုတ်ပြန်သွားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags