စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဂျိုအာအိုမာရီယိုကို အင်တာမီလန်အသင်း ခေါ်ယူ

စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဂျိုအာအိုမာရီယိုကို အင်တာမီလန်အသင်း ခေါ်ယူ

သြဂုတ် ၂၉၊ မီလန် ။             ။ အင်တာမီလန်အသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိုအာအိုမာရီယိုကို ပြောင်းရွှေ့ကြေး ပေါင် ၃၈.၄ သန်းဖြင့်   ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၃ နှစ် အရွယ်သာရှိသေးသည့် မာရီယိုသည် ပေါ်တူဂီကလပ်များက ဥရောပ ကလပ်အသင်းကြီးများသို့ ကစားသမားရောင်းချရာတွင် ဈေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

စီရော်နယ်ဒိုနှင့် နာနီတို့ကို မန်ယူအသင်းခေါ်ယူစဉ်က စီရော်နယ်ဒိုအတွက် ပေါင် ၁၂.၂၄ သန်း၊ နာနီအတွက် ပေါင် ၂၅ သန်းသာ ပေးချေခဲ့ရသည်။ ‘မာရီယိုက အရေးကြီးတဲ့ ကစားသမားပါ။ သူ့ကို ကျွန်တော်တို့ရဖို့ ကြိုးစားနေတာ ကြာပါပြီ။ မာရီယိုကြောင့် အသင်းအတွင်းမှာ နေရာရဖို့ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာပါလိမ့်မယ်’ ဟု အင်တာမီလန်ဥက္ကဋ္ဌ အီရစ်သိုဟာက ပြောသည်။

မာရီယိုကလည်း သူ့ကို ခေါ်ယူခဲ့သည့်အင်တာမီလန်အသင်းနှင့် လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့သည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပြီး ၎င်းအတွက်ပေးချေခဲ့ရသည့် တန်ဖိုးနှင့်ညီမျှအောင်   ပေးဆပ်ကစားသွားမည်ဟု ပြောဆိုခဲ့သည်။

မာရီယိုသည် စပို့တင်းလစ္စဘွန်းအတွက် ပွဲပေါင်း ၁၇၁ ပွဲကစားပေးခဲ့ပြီး ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်းတွင် ပွဲတိုင်းပါဝင်ကစားခွင့်ရကာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly