သြဂုတ် ၂၈၊ မီလန် ။ ။ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းသည် ချယ်လ်ဆီးအသင်းမှ ခရိုအေးရှားကွင်းလယ်ကစားသမား မာရီယိုပါဆာလစ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၂၁ နှစ်အရွယ်ရှိ ပါဆာလစ်သည် ၂၀၁၄ ခုနှစ်က Hajduk Split အသင်းမှ ချယ်လ်ဆီးသို့ရောက်ရှိလာသူဖြစ်သည်။ ချယ်လ်ဆီးသို့ရောက်ရှိချိန်ကစပြီး ပွဲထွက်ကစားခွင့်မရရှိသေးဘဲ အယ်လ်ချီနှင့် မိုနာကိုအသင်းများသို့ အငှားသွားရောက်ကစားခဲ့ရသည်။
အယ်လ်ချီအသင်းတွင် ၃၁ ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ကာ မိုနာကိုတွင် ၁၆ ပွဲကစားပြီး ၃ ဂိုးသွင်းနိုင်ခဲ့သည်။
အေစီမီလန်သို့ပြောင်းရွှေ့ခွင့်ရရှိပြီးနောက်တွင် ပါဆာလစ်က ‘အေစီမီလန်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရတာ ဂုဏ်ယူပါတယ်။ ဒီအသင်းက ကမ္ဘာပေါ်က အင်အားအကြီးဆုံးအသင်းတစ်သင်းပါ။ ပြီးခဲ့တဲ့ ရာသီတုန်းက မျှော်လင့်ချင်တွေနဲ့မကိုက်ညီခဲ့ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် ဘောလုံးကစားခွင့် ရချင်ပါတယ်။ ဒီကိုပြောင်းရွှေ့ခွင့်ရတာက တကယ့်အခွင့်အရေးကောင်းပါ’ ဟု ပြောသည်။
လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းအငှားချထားသည့်ကစားသမားပေါင်းမှာ ၂၁ ဦးအထိ ရှိနေသည်။
ရည်ညွှန်း ဘီဘီစီ