ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင် ခိုင်မျိုးထွန်းအား အမြန်ဆုံးလွှတ်ပေးရန် ပုဏ္ဏားကျွန်းမြို့တွင် တောင်းဆို

ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင် ခိုင်မျိုးထွန်းအား အမြန်ဆုံးလွှတ်ပေးရန် ပုဏ္ဏားကျွန်းမြို့တွင် တောင်းဆို

နိုင်ငံတော်ကို အသရေဖျက်မှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံနေရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ သတင်းနှင့် ပြန်ကြားရေးဌာန ဒုတိယ ဥက္ကဌ ဦးခိုင်မျိုးထွန်း လွတ်မြောက်ရေးအတွက် ယနေ့ သြဂုတ် ၂၇ ရက်နေ့တွင် ထောင်နှင့်ချီသည့် ပုဏ္ဏားကျွန်းဒေသခံများက ဆန္ဒပြ တောင်းဆိုခဲ့သည်။

“ဒီနေ့ကျွန်တော်တို့ ခိုင်မျိုးထွန်း လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကျွန်တော်တို့ တောင်းဆိုခဲ့တာကတော့ ခိုင်မျိုးထွန်းကို ချက်ချင်းလွှတ်ပေးဖို့။ သူဟာ အမှန်တရားဘက်က ရပ်တည်တဲ့သူဖြစ်တယ်။ ငါတို့အားလုံးဟာ ခိုင်မျိုးထွန်းနဲ့ တစ်သားတည်းရှိတယ်။ ခိုင်မျိုးထွန်းကို အခုလိုမျိုး ဖမ်းဆီးထားတာကတော့ မတရားသော ဖမ်းဆီးမှုလို့ပဲမြင်ပါတယ်။” ဟု ဦးဆောင်သူ သိန်းဝဏ္ဏကပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများအား ပေါ်တာဆွဲခံရခြင်း၊ သွားလာလှုပ်ရှားမှုများအား တားမြစ်ထားခြင်းစသည့် အချက်များကို အခြေခံလျက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ထုတ်ဖော်ရေးသားခဲ့သူဖြစ်သည်။

ခိုင်မျိုးထွန်းအား ဖမ်းဆီးအရေးယူထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက " ခိုင်မျိုးထွန်းနဲ့ဟာ ALP ရဲ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်နေတာ ဖြစ်တဲ့အတွက် သူနဲ့ ပါတ်သက်ပြီးလို့လဲ လက်ရှိသူဆောင်ရွက်နေတဲ့ လုပ်ငန်းရပ်တွေဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူး။

တစ်ချို့ကိစ္စတွေမှာလည်း ပါတီဌာနချုပ်ရဲ့ သဘောဆန္ဒအတိုင်းလုပ်တာ မဟုတ်တာတွေကို သိရတဲ့အတွက် ဒါတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေနဲ့ ALP ဌာနချုပ်ကို ကန့်ကွက်စာ တစ်စောင်ပေးပို့ခဲ့ပါတယ်။ ကျွန်တော်တို့ကို သူပေးခဲ့တဲ့ အချက်အလက်တွေဟာလည်း ခိုင်လုံမှုမရှိဘူး။ ကြေညာချက်မှာလည်း ကျွန်တော်တို့မှာ နစ်နာဆုံးရှုံးမှုတွေရှိတဲ့အတွက် ၅/၅/၂၀၁၆ ရက်နေ့က ခိုင်မျိုးထွန်းကို ဥပဒေအရ အရေးယူပေးဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ တရားရုံးက တရား ရင်ဆိုင်ဖြေရှင်းပေးဖို့ အကြိမ်ကြိမ်ပြန်ဆင့်ခေါ်ခဲ့ပါတယ်။ လိုက်နာမှု အကြိမ်ကြိမ် ပျက်ကွက်ခဲ့တဲ့အတွက် တရားရုံးက ၈/၆/၂၀၁၆ နေ့မှာ ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly