စပါးအသင်းတွင်သာ ကစားသမားဘဝ တစ်လျှောက်လုံးကစားလိုဟု ဟာရီကိန်းပြော

စပါးအသင်းတွင်သာ ကစားသမားဘဝ တစ်လျှောက်လုံးကစားလိုဟု ဟာရီကိန်းပြော

သြဂုတ် ၂၇၊ လန်ဒန်။       ။ စပါးအသင်းတွင်သာ ကစားသမားဘဝတစ်လျှောက်လုံး ကစားလိုသည်ဟု တိုက်စစ်မှူးဟာရီကိန်းက ပြောသည်။ မန်ယူအသင်း နှင့်သတင်းထွက်ခဲ့ဖူးသည့် အသက် ၂၃ နှစ်အရွယ်  ကစားသမားက စပါးအသင်းသွားနေသည့် လမ်းကြောင်းကိုလည်း ကျေနပ် ဝမ်းမြောက်မိသည်ဟု ပြောသည်။

ကိန်းသည်ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ၂၅ ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ်နှင့် စပါးအသင်းကို ချန်ပီယံလိဂ်တွင် ဦးဆောင်လာမည်ဖြစ်သည်။ ပိုချက်တီနို၏စပါးအသင်းမှာ ပြီးခဲ့သည့်ရာသီနှောင်းပိုင်းရက်သတ္တပတ်များအထိ ချန်ပီယံလမ်းကြောင်းပေါ်တွင်ရှိခဲ့သော်လည်း တတိယဆုနှင့်သာ ကျေနပ်ခဲ့ရသည်။

“ကျွန်တော်ဒီမှာနေရာတာပျော်ပါတယ်။ လက်ရှိအချိန်မှာ အသင်းက ပုံစံကောင်းရနေပြီး အသင်းတစ်သင်းအနေနဲ့ ရှေ့ဆက်နေ တယ်။ အဲဒါက အရေးကြီးပါတယ်။ ရည်မှန်းချက်နဲ့ရှေ့ဆက်နေပြီး ရပ်တန့်မနေဘူး”ဟု ကိန်းက ပြောသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly