ဒါကာကဖေးဆိုင်အား တိုက်ခိုက်မှုတွင် ကြိုးကိုင်ခဲ့သူအား ဘင်္ဂလားဒေ့ရှ် လုံခြံုရေးတပ်ဖွဲ့များက သတ်ဖြတ်

ဒါကာကဖေးဆိုင်အား တိုက်ခိုက်မှုတွင် ကြိုးကိုင်ခဲ့သူအား ဘင်္ဂလားဒေ့ရှ် လုံခြံုရေးတပ်ဖွဲ့များက သတ်ဖြတ်

ဒါကာ၊ သြဂုတ် ၂၇ ။        ။ မြို့တော်ဒါကာတွင် ဇူလိုင်လအတွင်းက နိုင်ငံခြားသားအများစုပါဝင်ပြီး လူ ၂၂ ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှုအား ကြိုးကိုင်စီစဉ်ခဲ့သူအပါအဝင် အစ္စလာမ္မစ် စစ်သွေးကြွ လေးဦးအား ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်လိုက်ကြောင်း အကြမ်းဖက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားလိုက်သည်။

ဒါကာမြို့အစွန် နာရေဂန်းရပ်ကွက်အတွင်း အဆိုပါ စစ်သွေးကြွများ ပုန်းအောင်းနေသည့်နေရာသို့ ရဲ တပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြသူများတွင် ဇူလိုင်လအတွင်း တိုက်ခိုက်မှု အား ကြိုးကိုင်စီစဉ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်တွင်မွေးဖွားပြီး ကနေဒါနိုင်ငံသားခံယူထားသူ တာမင်အာမက်ချောင်ဒူရီလည်း ပါဝင်ကြောင်း ရဲအရာရှိက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags