သြစတြေး လူငယ်တစ်ဦး လေယာဉ်ဖြင့် ကမ္ဘာတစ်ပတ်ပတ်နိုင်ခဲ့သည့် အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာ

သြစတြေး လူငယ်တစ်ဦး လေယာဉ်ဖြင့် ကမ္ဘာတစ်ပတ်ပတ်နိုင်ခဲ့သည့် အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာ

သြဂုတ် ၂၇ ။        ။ သြစတြေးလျ ဆယ်ကျော်သက်လူငယ်တစ်ဦးမှာ အင်ဂျင်တစ်လုံးတပ် လေယာဉ်တစ်စီးဖြင့် တစ်ကိုယ်တော် ကမ္ဘာတစ်ပတ်ပတ်နိုင်ခဲ့သည့် အသက်အငယ်ဆုံးသော ပုဂ္ဂိုလ် တစ်ဦးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကွင်းစ်လန်းပြည်နယ်မှ လက်ချ်လန် စမတ်ဆိုသူ အဆိုပါလူငယ်လေးသည် ဇူလိုင်လ ၂၄ ရက်က ၎င်းစတင်ထွက်ခွာသွားခဲ့သည့် မာရူချိုင်ဒို လေဆိပ်သို့ သြဂုတ်လ ၂၇ ရက်က   အောင်မြင်စွာ   ပြန်လည်သက်ဆင်းနိုင်ခဲ့သည်ဟု သိရသည်။

ယခင်က လေယာဉ်ဖြင့် အသက်အငယ်ဆုံး ကမ္ဘာပတ်နိုင်သူအဖြစ် စံချိန်တင်ထားခဲ့သည့် အမေရိကန်နိုင်ငံသား မက်ဂက်မီလာထက် ယခုသြစတြးလျလူငယ် စမတ်မှာ အသက် တစ်နှစ်ငယ်သည်ဟု သိရသည်။ စမတ်မှာ ယခုအခါ အသက် ၁၈ နှစ်၊ ခုနစ်လ နှင့် ၂၁ ရက်ဖြင့် ယခုစံချိန်ကို အသက်အငယ်ဆုံးအဖြစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

စမတ်သည် ၎င်း၏ တစ်ကိုယ်တော် စွန့်စားမှု ခရီးစဉ်တွင် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ တည်နေရာ ၂၄ ခုတွင် ရပ်နားခဲ့ရပြီး ခရီးစဉ်အစအဆုံး ကြာမြင့်ချိန်မှာ ခုနှစ်ပတ်ထိ ရှိခဲ့သည်။

၎င်းအတွက်မူ ရာသီဥတုအခြေအနေနှင့် နိုင်ငံများရှိ လေကြောင်းထိန်းသိမ်းမှု တာဝန်ရှိသူးများနှင့် ဆက်သွယ်ပြောဆိုခဲ့ရမှုများမှာ စိန်ခေါ်မှုများသဖွယ် ကြုံတွေ့ရင်ဆိုင်ခဲ့ရကြောင်း စမတ်က ဖွင့်ဟသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags