ဒူးဒဏ်ရာကြောင့် ဆွစ်ဇာလန်နှင့်ပွဲကို ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုလွဲမည်

ဒူးဒဏ်ရာကြောင့် ဆွစ်ဇာလန်နှင့်ပွဲကို ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုလွဲမည်

သြဂုတ် ၂၇၊ လစ္စဘွန်း။          ။ ဒဏ်ရာကြောင့် စီရော်နယ်ဒိုနှုတ်ထွက်သွားပြီးနောက် ဥရောပချန်ပီယံပေါ်တူဂီအသင်းသည် ဆွစ်ဇာလန်နှင့်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖွင့်ပွဲကို စီရော်နယ်ဒို မပါဘဲ ကစားရတော့မည်ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ကစားသမားသည် ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင်ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် ထပ်မံအနားယူရန်လိုအပ် နေသေးသည်ဟု ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြောသည်။ ယူရိုပြိုင်ပွဲကိုဒဏ်ရာကြောင့်လွဲခဲ့သည့် တိုက်စစ်မှူး ဆီလ်ဗာမှာပြန်လည်ပါဝင်လာခဲ့ပြီး နောက်ခံလူ နက်တိုလည်း ပါဝင်လာခဲ့ သည်။

ကလပ်အသင်းမဲ့နေသော ဗဟိုခံစစ်မှူးကာဗယ်ဟိုနှင့် ညာနောက်ခံလူ ဗီယာရင်ဟာတို့သည် ပေါ်တူဂီအသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

ပေါ်တူဂီအသင်းသည် စက်တင်ဘာ ၆ တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု (ခ) အဖွင့်ပွဲအဖြစ် ဆွစ်ဇာလန်နှင့်ကစားရမည်ဖြစ်ပြီး ယင်းမတိုင်မီ စက်တင်ဘာ ၁ တွင် ပေါ်တို၌ ဂျီဘရော်လ်တာနှင့်  ခြေစမ်းမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly