လိင်အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေး သဘောတူ စာချုပ်တွင်ပါဝင် လက်မှတ်ရေး ထိုးထားသော် လည်းမြန်မာနိုင်ငံ၏ အခြေအနေ တိုးတက်လာမှုမရှိ

လိင်အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေး သဘောတူ စာချုပ်တွင်ပါဝင် လက်မှတ်ရေး ထိုးထားသော် လည်းမြန်မာနိုင်ငံ၏ အခြေအနေ တိုးတက်လာမှုမရှိ

ပဋိပက္ခစစ်ပွဲများအတွင်း လိင်အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေး Preventing Sexual Violence in Conflict Initiative (PSVI)  တွင် မြန်မာနိုင်ငံအနေဖြင့် သဘောတူပါဝင်လက်မှတ်ရေးထိုးထားသည်မှာ တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း ယင်းပြဿနာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ပြောင်းလဲတိုးတက်မှု တစ်စုံတစ်ရာမျှ မတွေ့ရပေ။

PSVI တွင် သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြီးနောက်ပိုင်း မြန်မာစစ်တပ်က ကျုးလွန်သည့် လိင်အကြမ်းဖက်မှုများအပေါ် ကိုင်တွယ်မှု သဘောထားများ ပြောင်းလဲခြင်းမရှိသကဲ့သို့ တရားစွဲဆိုတိုင်ကြားလာသည့် လိင်စော်ကားခံရသူများဖက်က ရပ်တည်ဖြေရှင်းပေးခြင်းနှင့် စော်ကားခံရသူများကို ထောက်ထားကူညီမှုများလည်း မရှိကြောင်းလည်း တွေ့ရှိရသည်။ ထို့အတွက် ဦးသိန်းစိန်အနေဖြင့် PSVI တွင် လက်မှတ်ထိုးထားလင့်ကစား ယင်းကိစ္စရပ်အပေါ်တွင် တိုးတက်ပြောင်းလဲမှု လုပ်ဆောင်ခြင်း မရှိသည့် လက္ခဏာပင်ဖြစ်သည်။

" ဒီအခြေအနေက ဘာကိုပြသလဲဆို မြန်မာစစ်တပ်က ကျုးလွန်တဲ့ မုဒိမ်းမှုနဲ့ လိင်အကြမ်းဖက်မှုတွေကို အစိုးရနဲ့ တပ်မတော်က အဆင့်မြင့်တာဝန်ရှိသူများက မသိကျိုးကျွန်လျစ်လျူရှုထားတယ်လို့ ကောက်ချက်ချလို့ ရနေပါတယ်"ဟု Burma Campaign UK က မကြာသေးမီက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

" ကျွန်တော်တို့က မြန်မာနိုင်ငံတွင်း လိင်အကြမ်းဖက်ကျုးလွန်သော်လည်း အရေးယူခံရခြင်းမှ လွတ်ကင်းနေခြင်းများ အဆုံးသတ် သွားရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်။ အနည်းဆုံးတော့ အပြည့်အဝတာဝန်ခံမှုနဲ့ လိင်အကြမ်းဖက်ခံရသူများအတွက် တရားမျှတမှု ပိုမိုကောင်းမွန်စွာ ရရှိဖို့အတွက် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်"ဟု PSVI အား ကမကထပြုသူ ယခင်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ် က Burma Campaign UK သို့ စာရေးသားပေးပို့ခဲ့သည်။

သို့သော်လည်း ဝီလျံဟေ့ဂ်၏ ပြောစကားက အရာမရောက်ဖြစ်နေသလို ဗြိတိန်အစိုးရအနေဖြင့်လည်း မြန်မာအာဏာပိုင်များအား ယင်းကိစ္စနှင့် ပတ်သက်ပြီး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးကို ဖိအားမပေးဘဲ ရှိနေသည်။

မြန်မာအစိုးရအနေဖြင့် လက်မှတ်ရေးထိုးပြီး ခြောက်လအတွင်း လိင်အကြမ်းဖက်မှုများအပေါ် ကိုင်တွယ်ဖြေရှင်းရေး လုပ်ဆောင် မှုများ တိုးတက်လာခြင်းမရှိပါက နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးရန် Burma Campaign နှင့် မြန်မာအမျိုးသမီး အဖွဲ့အစည်းများ ကတောင်းဆိုထားသော်လည်း ဗြိတိန်အစိုးရက မြန်မာအစိုးရထံသို့ ပေးအပ်သည့် အကူအညီများ ပြန်လည်ရုပ်သိမ်းခြင်းမရှိပေ။

မြန်မာအစိုးရ၏ စစ်တပ်က လိင်အကြမ်းဖက်မှုများအပေါ် အရေးယူလုပ်ဆောင်မှု အားနည်းသဖြင့် ပြီးခဲ့သည့် စစ်တပ်က ကျုးလွန် သည့်လိင်ပြစ်မှုများက လျော့ကျခဲ့ခြင်း မရှိဖြစ်ခဲ့သည်။ ယခုနှစ် ဧပြီလကကုလသမဂ္ဂ အတွင်းရေးမှူးချု် ဘန်ကီမွန်းက " မြန်မာနိုင်ငံ တွင် စစ်တပ်က ကျုးလွန်သည့် ပဋိပက္ခစစ်ပွဲနှင့် ဆက်စပ်ဖြစ်ပေါ်သည့် လိင်အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အရေးယူဒဏ် ခတ်ခြင်း မရှိမှုက များပြားနေလျက်ပင် ရှိနေဆဲဖြစ်ကြောင်း" ပြောကြားခဲ့သည်။

PSVI တွင် ပါဝင်လက်မှတ်ထိုးပြီးစဉ်မှစကာ စစ်တပ်က ကျုးလွန်ဖွယ်ရှိသည်ဟု စွပ်စွဲရသော မုဒိမ်းပြုကျင့်မှုများစွာကို အပြစ်ပေး အရေးယူခြင်းများ မရှိသေးပေ။ များစွာသော အမှုများမှ တစ်ခုသောအမှုမှာ လူသိရှင်ကြား အုတ်အော်သောင်းနင်းဖြစ်ခဲ့ရသည့် ကချင်စေတနာ့ဝန်ထမ်းကျောင်းဆရာမလေးနှစ်ဦး ၂၀၁၅ ဇန်နဝါရီ ၂၀ ရက်က အုပ်စုလိုက် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသည့် အမှုဖြစ်သည်။

မြစ်ကြီးနားမှ အသက် ၂၀ ရှိ Maran Lu Ra နှင့် ဝန်းမော်မှ အသက် ၂၁ နှစ်ရှိ Tangbau Hkawn Nan Tsin တို့နှစ်ဦး ရှမ်းမြောက်ဒေသ မူဆယ်အရှေ့ဖက် မိုင် ၂၀ အကွာ ကျေးရွာတစ်ရွာရှိ ချာ့ချ်ကျောင်းဝင်းအတွင်းရှိ ၎င်းတို့နေအိမ်အတွင်း မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags