ဟောင်ကောင်တွင် ပထမဆုံး ဇီကာပိုးကူးစက်သူ တွေ့ရှိ

ဟောင်ကောင်တွင် ပထမဆုံး ဇီကာပိုးကူးစက်သူ တွေ့ရှိ

ဟောင်ကောင်၊ သြဂုတ် ၂၆ ။       ။ ဟောင်ကောင်တွင် ပထမဆုံးဇီကာပိုးကူးစက်မှုကို  တွေ့ရှိ၍  ခြင်မှတစ်ဆင့်ကူးစက်သော ရောဂါပိုးပျံ့နှံ့မှုအတွက် တပ်လှန့်ထားသည်။

လက်တင်အမေရိက၊ ကာရေဘီယံနှင့် အခြားဒေသများတွင် ကူးစက်ဖြစ်ပွားခဲ့သည့် ဇီကာပိုးကူးစက်မှုကို ဟောင်ကောင်တွင် တွေ့ရှိကြောင်း သြဂုတ် ၂၅ ရက်က ဆေးပညာရှင်ညီလာခံတွင် ကျန်းမာရေးဌာန ကြိုတင်ကာကွယ်ရေးစင်တာမှ ဦးစီးဖြစ်သူ Leung Ting-hung က ပြောပြီး နောက်ထပ်ပျံ့နှံ့မှုများ မဖြစ်ပွား ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်သွားရမည်းဖြစ်ကြောင်း ဆိုသည်။

အစိုးရအနေဖြင့် ဟောင်ကောင်တွင် ခြင်ပေါက်ဖွားမှုကို ကိုင်တွယ်ဖြေရှင်းရန် အဓိကလုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောသည်။

“ကူးစက်ခံရသူက အသက် ၃၈ နှစ်ရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခင်က ကျန်းမာရေးကောင်းသူပါ။ သြဂုတ် ၂၀ ရက်ကစပြီး သူက အရိုးအဆစ်နာကျင်တာ၊ မျက်လုံးနီရဲတာတွေ ခံစားရတာပါ။”ဟု ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးထံလည်း ယခုကူးစက်ခံရမှုအကြောင်းကို အစီရင်ခံစာတင်မည်ဖြစ်ကြောင်းလည်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags