ငလျင်ဒဏ်သင့် အီတလီတွင် အရေးပေါ် အခြေအနေကြေညာထား

ငလျင်ဒဏ်သင့် အီတလီတွင် အရေးပေါ် အခြေအနေကြေညာထား

ရောမ၊ သြဂုတ် ၂၆ ။                        ။ သြဂုတ် ၂၄ ရက် ငလျင်လှုပ်မှု ကြုံတွေ့ခဲ့သည့် အီတလီတွင် ပိတ်မိနေသူများမှ အသက်ရှင်ကျန်ရစ်သူများစွာကို ရှာတွေ့ဦးမည် ယုံကြည်နေရခြင်းနှင့်အတူ အဆိုးဆုံးကြုံတွေ့သည့် ဒေသများတွင် အရေးပေါ် အခြေအနေ ကြေညာထားသည်။

ငလျင်ဒဏ်မှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ယူရိုငွေ သန်း ၅၀ ရန်ပုံငွေမတည်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မတ်တီယိုရန်ဇီက ပြောသည်။

လက်ရှိအချိန်အထိ သေဆုံးသူဦးရေ ၂၅၀ ရှိပြီး ဒဏ်ရာရသူမှာ ၃၆၅ ဦးရှိသည်။ ငလျင်လှုပ်ပြီး ဒုတိယမြောက်ညတွင်လည်း အပျက်အစီးများကြား ရှာဖွေမှုများကို ကယ်ဆယ်ရေးသမားများက လုပ်ဆောင်လျက်ရှိသည်။
သို့သော်လည်း နောက်ဆက်တွဲငလျင်ငယ်များ ရာနှင့်ချီ၍ လှုပ်နေသဖြင့် ကယ်ဆယ်ရေးအင်အား ၅၀၀၀ အတွက် အလုပ်မတွင် ဖြစ်ရသည်။

ရန်ပုံငွေထည့်ဝင်ငွေမှုတစ်ရပ်အဖြစ် ဝန်ကြီးချုပ် ရန်ဇီက ဒေသခံများအတွက် အခွန်ပယ်ဖျက်ပေးပြီး  ဆောက်လုပ်ရေးစီမံကိန်း  တစ်ရပ်ကိုလည်း ကြေညာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly