နိုင်ငံသားစီစစ်မှုလုပ်ငန်းများ စည်းကမ်းဥပဒေနှင့်အညီ ပြုလုပ်ရန် ANP မှ တောင်းဆို

နိုင်ငံသားစီစစ်မှုလုပ်ငန်းများ စည်းကမ်းဥပဒေနှင့်အညီ ပြုလုပ်ရန် ANP မှ တောင်းဆို

စစ်တွေ၊ သြဂုတ် ၂၅   ။               ။ နိုင်ငံသားစီစစ်ရေး စီမံကိန်းများကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်း  ဥပဒေနှင့် မကိုက်ညီသော နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှုများ ရှိနေမှုအပေါ် ပြန် လည်ရုပ်သိမ်းရန်နှင့် ဥပဒေပါ စည်းကမ်းများ အတိုင်း ဆောင်ရွက်ကြရန် ရခိုင်အမျိုးသားပါတီ ANP က တောင်းဆိုလိုက်သည်။

“သုံးခေါက်ချိုး ကဒ်ဆိုတာဟာ ဒီလူဟာနိုင်ငံသားဖြစ်ပါတယ်လို့ သက်သေခံ အလျဉ်းမဖြစ်စေရလို့ ပြဌာန်းထားတာ ရှိပါ တယ်။ ဒီလိုမျိုး ပြဌာန်းချက်တွေ ရှိပါလျက်နဲ့ ဒီအချိန်ရောက်မှပဲ သုံးခေါက်ချိုး ရှိနေတဲ့သူဟာ နိုင်ငံသားဖြစ်သင့်တယ် ဆိုရင် ကိုယ်လုပ်ထားတဲ့ ဥပဒေကို ကိုယ်ဆန့်ကျင်ရာ ရောက်သွားမယ့် အနေအထားကို ကျွန်မတို့ ကြုံတွေ့နေရပါတယ်" ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ် အေးနုစိန်က ပြောသည်။

သြဂုတ် ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် အခြေအနေများနှင့် စပ် လျဉ်း၍ ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်း ဆောင် များတွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံသား မဖြစ်သင့် သူများ နိုင်ငံသားဖြစ်သွားခြင်းအားဖြင့် နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ခြိမ်းခြောက်သည့် အနေအထားသို့ ရောက်သွားနိုင်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရကို အကြံပြုပြောကြားရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

 “ရခိုင်ပြည်နယ်တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒုတိယ ဥက္ကဌအနေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒုတိယ ဥက္က ဌဖြစ်ပါတယ်။ လုပ်ငန်းကော်မတီ ၄ ခုနဲ့ဖွဲ့စည်းထားပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ဖို့အတွက် ကနဦး ခြေလှမ်းအနေနဲ့ NVC ထုတ်ပေးတဲ့သူတွေကို မြို့နယ်သုံးခုမှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ ယခင်ကတ်များကို လဲလှယ်ပေးခြင်းဖြစ်ပါတယ်။ လက်ရှိမှာမြို့နယ်ခြောက်ခုမှာ ဆက်လက်ပြီးဆောင်ရွက်လျှက်ရှိပါတယ်။ လုပ်ဆောင်တဲ့ အခါမှာလည်း ဥပဒေနဲ့အညီ ဆောင်ရွက်လျှက်ရှိပြီးတော့ လဝကဘက်လည်း လဝကဥပဒေရဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အညီဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ” ဟု ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြော ကြားခဲ့သည်။

ဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အပါအဝင် ပြည်နယ် ဥပဒေချူပ်၊ ပြည် နယ်ရဲမှူးကြီး ဦးစိန်လွင်၊ ပြည်နယ် လဝကမှူး ဦးဝင်းလွင်နှင့် ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဌ ဒေါ်အေးနုစိန်၊ ဘူးသီး တောင်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၊ စစ်တွေမြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇောဦး၊ မြေပုံမြို့နယ်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းတို့ တက်ရောက်ခဲ့ပြီး ALP မှ ခိုင်မျိုးထွန်း ဖမ်းဆီးခံထားရသည့်ကိစ္စ၊ ဘူးသီးတောင်မြို့တွင် တရားစွဲဆိုခံထားရသည့် မြို့ခံ ၃ ဦးကိစ္စ၊ ၈၂ ခုနိုင်ငံသားဖြစ်မှု ဥပဒေဆိုင်ရာကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly