ပရီးမီးယားလိဂ်အသင်းများတွင် အနိုင်ရရှိမှု ရာခိုင်နှုန်းအမြင့်ဆုံးအသင်းအဖြစ် မန်ယူရပ်တည်

ပရီးမီးယားလိဂ်အသင်းများတွင် အနိုင်ရရှိမှု ရာခိုင်နှုန်းအမြင့်ဆုံးအသင်းအဖြစ် မန်ယူရပ်တည်

သြဂုတ် ၂၅၊ အင်္ဂလန် ။               ။ ဒေးလီးအိတ်ပရက်စ်သတင်းဌာန၏ စစ်တမ်းအရ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများထဲတွင် မန်ယူအသင်းမှာ အနိုင်ရရှိမှုရာခိုင်နှုန်းအမြင့်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။

အင်္ဂလန်၏ ပထမတန်းလိဂ်ပြိုင်ပွဲကို ၁၉၉၂-၉၃ ရာသီမှ စတင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဟု အမည်ပြောင်းလဲခေါ်ဝေါ် ယှဉ်ပြိုင်လာခဲ့သည်မှာ ယခု ၂၀၁၅-၁၆ ရာသီအထိ ပြိုင်ပွဲဝင်အသင်းပေါင်း ၄၇ သင်း ယှဉ်ပြိုင်ခွင့်ရခဲ့ကြသည်။

ထို ၄၇ သင်းတွင် မန်ယူအသင်းက ပွဲပေါင်း ၉၂၆ ပွဲကစားခဲ့ပြီး အနိုင်ရရှိမှု ရာခိုင်နှုန်း ၆၃ ရာခိုင်နှုန်းဖြင့် ပထမနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။ မန်ယူအသင်းမှာ ချန်ပီယံဆုကို ၁၃ ကြိမ်အထိ ရရှိခဲ့ပြီး ဗိုလ်စွဲမှုအကြိမ်အများဆုံးအသင်းအဖြစ်လည်း ရပ်တည်နေသည်။

မန်ယူ၏နောက်တွင် အာဆင်နယ်အသင်းရပ်တည်နေပြီး အနိုင်ရရှိမှု ရာခိုင်နှုန်း ၅၄ ရာခိုင်နှုန်း ရှိသည်။ အာဆင်နယ်၏နောက်တွင် ချယ်လ်ဆီးက ၅၃ ရာခိုင်နှုန်း၊ လီဗာပူးလ်က ၄၉ ရာခိုင်နှုန်း၊ မန်စီးတီးက ၄၂ ရာခိုင်နှုန်း၊ စပါးက ၄၀ ရာခိုင်နှုန်း၊ လိဒ်ယူနိုက်တက်က ၄၀ ရာခိုင်နှုန်း၊ နယူးကာဆယ်က ၃၈ ရာခိုင်နှုန်း၊ ဘလက်ဘန်းက ၃၈ ရာခိုင်နှုန်း၊ အဲဗာတန်က ၃၆ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးရပ်တည်နေကြသည်။

ယမန်နှစ်က ချန်ပီယံဖြစ်ခဲ့သည့် လက်စတာစီးတီးအသင်းမှာ ၃၁ ရာခိုင်နှုန်းဖြင့် အဆင့် ၁၇ နေရာတွင် ရှိနေပြီး ဘရက်ဒ်ဖို့စီးတီး၊ ကာဒစ်ဖ်နှင့် ဆွင်ဒန်တောင်းအသင်းတို့မှာ အဆင့် ၄၅၊ ၄၆၊ ၄၇ ဖြင့် နောက်ဆုံးတွင် ရပ်တည်နေကြသည်။

ရည်ညွှန်း အိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly