ငလျင်ကြောင့် လူလေးဦးသေဆုံးကာ စေတီပုထိုးပေါင်း ၁၉၀ ပျက်စီး

ငလျင်ကြောင့် လူလေးဦးသေဆုံးကာ စေတီပုထိုးပေါင်း ၁၉၀ ပျက်စီး

မြန်မာနိုင်ငံအလယ်ပိုင်း လှုပ်ခဲ့သည့် ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်ကြောင့် လူလေးဦးသေဆုံးကာ ပုဂံ-ညောင်ဦးနှင့် ရခိုင်ဒေသတွင် စေတီပုထိုးပေါင်း ၁၉၀ ပျက်စီးကြောင်း   ရှေးဟောင်းသုတေသနဌာနက ပြောကြောင်း China.org က သတင်းဖော်ပြသည်။

သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၀၄ မိနစ်က ပြင်းအား ရစ်ချ်တာစကေး ၆ ဒဿမ ၈ ငလျင်ကြောင့် ပခုက္ကူတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အဆောက်အအုံပြိုကျ၍ သေဆုံးပြီး ရေနံချောင်းတွင် အသက် ခုနစ်နှင့် ၁၅ နှစ်ရှိ မိန်းကလေးနှစ်ဦးဒေသကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ပြန်သည်။

ငလျင်လှုပ်မှုကို နိုင်ငံတွင်း လူတိုင်းနီးပါး ကြုံရကြောင်း၊ အပျက်အစီးများကို ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ငလျင်ဗဟိုချက်သည် မန္တလေးမှ အနောက်တောင်ဖက် ၁၉၇ ဒဿမ ၉ ကီလိုမီတာ၊ ချောက်မှ အနောက်ဖက် ၁၉ ဒဿမ ၃ ကီလိုမီတာတွင် ဗဟိုပြုကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်အပါအဝင် နိုင်ငံတွင် နေရာတော်တော်များများ ငလျင်လှုပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ပြောသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီနောက်ပိုင်း လှုပ်ခဲ့သည့် ငလျင် ၂၆ ခုတွင် အားအပြင်းဆုံးငလျင်ဖြစ်ပြီး ယင်းငလျင်ကြောင့် အဆောက်အအုံများ လှုပ်ယမ်းပြီး နိုင်ငံအချို့နေရာများတွင် လျှပ်စစ်မီးများ ပြတ်တောက်ောကာင်း ငလျင်ဒဏ်သင့်ဒေသ ပြည်သူများက ပြောသည်။

ထိုပြင် ကနဦးသတင်းများတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ အက်သွားကြောင်း သိရသည်။

ငလျင်သည် မြေအောက်အနက် ၈၄ ကီလိုမီတာတွင် လှုပ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောသည်။

နောက်ဆက်တွဲငလျင်ငယ်များ လှုပ်နိုင်၍ ငလျင်ဒဏ်ကြုံရသည့် ဒေသများမှ ပြည်သူများအား လူမှုဝန်ထမ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက သတိပေးချက်ထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly