ကဘူးလ်ရှိ အမေရိကန်တက္ကသိုလ်ကို ဗုံးခွဲသူများအား လုံခြံုရေးတပ်များ ပစ်သတ်

ကဘူးလ်ရှိ အမေရိကန်တက္ကသိုလ်ကို ဗုံးခွဲသူများအား လုံခြံုရေးတပ်များ ပစ်သတ်

ကဘူးလ်၊ သြဂုတ် ၂၅ ။              ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ အမေရိကန်တက္ကသိုလ်ကို တိုက်ခိုက်သူ သေနတ်သမားနှစ်ဦးအား အာဖဂန်လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်သုတ်သင်လိုက်သည်။

သြဂုတ် ၂၄ ရက် ညနေပိုင်းက ဗုံးစတင်ခွဲကာ စစ်သွေးကြွများ စီးနင်းတိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ လူ ၂၀ အနည်းဆုံးဒဏ်ရာရသည်။

ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများ အဆောက်အအုံအတွင်း ပိတ်မိနေပြီး လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ရှာဖွေခဲ့ရသည်။ လက်ရှိတွင် တက္ကသိုလ်တိုက်ခိုက်မှုအား နှိမ်နှင်းလိုက်နိုင်ပြီးဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ ၎င်းတို့လက်ချက်ဟု ပြောသေးခြင်းမရှိပေ။

ဒေသစံတော်ချိန် ၇ နာရီခန့်က ဖြစ်ပွားသည့် ယင်းတိုက်ခိုက်မှုက ရှုပ်ထွေးကြောင်း ရဲက ပြောသည်။ တက္ကသိုလ်ဝန်းကျင်တွင် အထူးတပ်ဖွဲ့များက အမေရိကန်စစ်ရေးအကြံပေးများနှင့် အတူရှိနေသည်။

“အခုကျွန်တော်တို့ အားလုံးကို ရှင်းလင်းပြီးပါပြီ။ တိုက်ခိုက်ရေးသမားနှစ်ဦးလည်း လက်နက်ချပါတယ်။”ဟု ကဘူးလ်ရဲမူခင်းစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ အရိုဒွန်က   အေအက်ဖ်ပီ သတင်းသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags