အီတလီငလျင် သေဆုံးသူ ၁၆၀ ကျော်လာ ၊ ကယ်ဆယ်ရေးများဆောင်ရွက်ဆဲ

အီတလီငလျင် သေဆုံးသူ ၁၆၀ ကျော်လာ ၊ ကယ်ဆယ်ရေးများဆောင်ရွက်ဆဲ

ရောမ၊ သြဂုတ် ၂၅ ။            ။ အီတလီနိုင်ငံ တောင်ထူထပ်ရာဒေသတွင် သြဂုတ် ၂၄ ရက်က ငလျင်လှုပ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရေး တစ်ညလုံးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

အပျက်အစီးများအောက် လူများစွာရှိနေဦးမည် မျှော်လင့်ရပြီး ကယ်ဆယ်ရေးအင်အား ၄၃၀၀ ကျော်ဖြင့် စက်ပစ္စည်းများအကူအညီဖြင့် ရှာဖွေလျက်ရှိသည်။  ငလျင်တွင် သေဆုံးသူပေါင်းက ၁၆၀ ကျော်ရှိလာပြီး ဒဏ်ရာရသူ ၃၆၈ ဦးအနည်းဆုံးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

သေဆုံးဒဏ်ရာရသူအများစုမှာ ကလေးငယ်များဖြစ်ကြောင်း၊ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြင်းအား ၆ ဒဿမ ၂ အဆင့် ငလျင် ရောမမြို့ အရှေ့မြောက်ဖက် ၆၅ မိုင်အကွာတွင် သြဂုတ် ၂၄ ရက် ဂရင်းနစ်စံတော်ချိန် ၀၁ နာရီ ၃၆ မိနစ်က လှုပ်ခြင်းဖြစ်သသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags