လှေကားပေါ်မှ ပြုတ်ကျ၍ ဘွန်ဒက်စ်လီဂါရာသီအစ ပွဲစဉ်ကို ချီချာရီတို လွဲချော်မည်

လှေကားပေါ်မှ ပြုတ်ကျ၍ ဘွန်ဒက်စ်လီဂါရာသီအစ ပွဲစဉ်ကို ချီချာရီတို လွဲချော်မည်

သြဂုတ် ၂၄၊ ဂျာမနီ ။                ။ လီဗာကူဆင်တိုက်စစ်မှူး ချီချာရီတိုဟာနန်ဒက်ဇ်သည် လှေကားပေါ်မှ ပြုတ်ကျပြီး ညာဘက်လက်တွင် ဒဏ်ရာရရှိသွားသည့်အတွက် ဘွန်ဒက်စ်လီဂါရာသီအစပွဲစဉ်ကို လွဲချော်ရတော့မည် ဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့ညက လှေကားပေါ်မှ ပြုတ်ကျခဲ့သော ချီချာရီတိုသည် ဆေးစစ်မှုများအရ နှစ်ပတ်ခန့်အနားယူရမည်ဖြစ်သည်။ ထို့ကြောင့် ချီချာရီတိုမှာ အသင်းခေါင်းဆောင် ဘန်ဒါနှင့်အတူ မိုချင်ဂလတ်ဘတ်အသင်းနှင့် ယှဉ်ပြိုင်မည့် ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။

‘လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် မိုချင်ဂလတ်ဘတ်နဲ့ပွဲစဉ်ကို အသင်းခေါင်းဆောင်ဘန်ဒါနဲ့ တိုက်စစ်မှူး ချီချာရီတိုတို့ လွဲချော်ပါမယ်။

ဘန်ဒါဟာ အိုလံပစ်ပြိုင်ပွဲဝင်ဂျာမနီအသင်းမှာ ပါဝင်ခဲ့ပြီး ဘရာဇီးနဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ ဒီပွဲကို လွဲချော်မှာပါ။

ချီချာရီတိုကတော့ လှေကားပေါ်က ပြုတ်ကျပြီး ညာဘက်လက်အရိုးကျိုးပဲ့သွားလို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ခွဲစိတ်မှုကအောင်မြင်ပေမယ့် အနည်းဆုံးနှစ်ပတ်လောက်နားရမှာပါ’ ဟု လီဗာကူဆင်အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags