အိန္ဒိယက အစ္စလာမ်မစ် အစွန်းရောက်များ တိုက်ခိုက်ရေးအတွက် အာဖဂန်ကို လက်နက်ထောက်ပံ့မည်

အိန္ဒိယက အစ္စလာမ်မစ် အစွန်းရောက်များ တိုက်ခိုက်ရေးအတွက် အာဖဂန်ကို လက်နက်ထောက်ပံ့မည်

နယူးဒေလီ၊ သြဂုတ် ၂၃ ။            ။ အိန္ဒိယနိုင်ငံက အစ္စလာမ်မစ် စစ်သွေးကြွများအား တိုက်ထုတ်ရေးအတွက် အာဖဂန်နစ္စတန် နိုင်ငံအား စစ်လက်နက်များ ပေးပို့သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ အာဖဂန်သံအမတ် တစ်ဦးက ပြောသည်။ သို့သော်လည်း အရှေ့နှင့်အနောက် နှစ်ဖက်ပိတ်ခံထားရသည့် ပါကစ္စတန်အတွက် စိုးရိမ်စရာ  ဖြစ်နေသည်။

အိန္ဒိယနိုင်ငံက အာဖဂန်အတွက် လွန်ခဲ့သော ၁၅ နှစ်အတွက် အထောက်အပံ့အကူအညီ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ထောက်ပံ့ထားသော်လည်း ပါကစ္စတန်နိုင်ငံကြောင့် လက်နက်အထောက်အပံ့ ပေးဖူးခြင်း မရှိပေ။

ပြီးခဲ့သည့်ဒီဇင်ဘာလက အိန္ဒိယက တိုက်ခိုက်ရေးရဟတ်ယာဉ်လေးစီး အာဖဂန်နစ္စတန်နိုင်ငံကို အစ္စလာမ်မစ်အစွန်းရောက်များ တိုက်ခိုက်ရေးအတွက် ထောက်ပံ့မည်ဖြစ်ကြောင်း ကြေညာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags