ဂျပန်နိုင်ငံ တိုကျိုတွင် မင်ဒူလီ တိုင်ဖုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်၊ နှစ်ဦးသေဆုံး

ဂျပန်နိုင်ငံ တိုကျိုတွင် မင်ဒူလီ တိုင်ဖုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်၊ နှစ်ဦးသေဆုံး

သြဂုတ် ၂၂ ။                   ။ ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် အနီးအနားဒေသများတွင် သြဂုတ်လ ၂၂ ရက်က အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း မင်ဒူလီ ဝင်ရောက်တိုက်ခတ်ခဲ့ရာ   နှစ်ဦးထက်မနည်း   သေဆုံးခဲ့ပြီဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။  ပြည်တွင်း လေကြောင်းခရီးစဉ် ရာပေါင်းများစွာ ဖျက်သိမ်းထားရကြောင်းလည်း သိရသည်။

အဆိုပါ မုန်တိုင်းကြောင့် လေတိုက်နှုန်းမှာ တစ်နာရီလျင် ၁၈၀ ကီလိုမီတာ (၁၁၂ မိုင်) ထိ ရှိနေသည်ဟု ဂျပန် မိုးလေဝသအေဂျင်စီက ထုတ်ပြန်သည်။ မုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လေပြင်းများ တိုက်ခတ်နေခဲ့သည်။

မုန်တိုင်း၏ နောက်ဆက်တွဲ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။

ယခုထက်ထိ လူအသေအပျောက်စာရင်းကို အစိုးရက တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးသော်လည်း ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ အနည်းဆုံး နှစ်ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ NHK သတင်းဌာန၏ ဖော်ပြချက်အရမူ ထိခိုက်ဒဏ်ရာရရှိသူ ဆယ်ဦး ရှိခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ရာနှင့်ချီ၍ ဖျက်သိမ်းခဲ့ရကာ ခရီးသည်အများအပြားမှာ တိုကျိုမြို့ရှိ Haneda လေဆိပ်တွင် သောင်တင်နေကြပြီး အခက်ကြုံနေကြရသည်။ နိုင်ငံရှိ အနိမ့်ပိုင်း အရပ်ဒေသများတွင် နေထိုင်ကြသူများကို ရေကြီးမြေပြိုမှုနှင့် လှိုင်းကြီးနိုင်မှု အခြေအနေများကို သတိပေးချက်ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags