ဗလင်စီယာနောက်ခံလူ မူစတာဖီကို ခေါ်ယူနိုင်မည်ဟု အာစင်ဝင်းဂါး ယုံကြည်

ဗလင်စီယာနောက်ခံလူ မူစတာဖီကို ခေါ်ယူနိုင်မည်ဟု အာစင်ဝင်းဂါး ယုံကြည်

သြဂုတ် ၂၂၊ အင်္ဂလန် ။     ။ ဗလင်စီယာအသင်းမှ ဂျာမနီလက်ရွေးစင်နောက်ခံကစားသမား မူစတာဖီကို ခေါ်ယူနိုင်မည်ဟု ယုံကြည်ကြောင်း အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားဝယ်ယူမှု နှောင့်နှေးနေမှုကြောင့် ပရိသတ်များ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် တစ်ပတ်လုံး မူစတာဖီကိုခေါ်ယူနိုင်ရန် အပြင်းအထန်ကြိုးပမ်းခဲ့သည်။

ထို့ကြောင့် အာစင်ဝင်းဂါးက မူစတာဖီကို ခေါ်ယူနိုင်မည်ဟု မျှော်လင့်ချက်အပြည့်ထားနေခြင်း ဖြစ်သည်။ သို့သော် ဝင်းဂါးက ၎င်းတို့လိုချင်သည့် ကစားသမားမျိုး ရှာဖွေရသည်မှာ ခက်ခဲပြီး စိတ်ပျက်စရာ    ကောင်းကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။

‘မူစတာဖီ ဟုတ်လား။ သူ့ကို ခေါ်ယူနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ကစားသမားကို ရှာဖွေရာမှာ အခက်အခဲတွေအများကြီးရှိပါတယ်။

သူက ကျွန်တော်တို့ရှာဖွေထားတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ မူစတာဖီအတွက် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဝန်းကျင်သာပေးချေလိုသော်လည်း ဗလင်စီယာအသင်းဘက်က ပေါင်သန်း ၅၀ အလိုရှိနေသည်ဟု သတင်းများက ဖော်ပြနေကြသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly