အင်ဒိုအနောက်ပိုင်း ပင်လယ်ပြင်တွင် လှေမှောက်၍ ၁၀ ဦးသေဆုံးပြီး ငါးဦးပျောက်ဆုံးနေ

အင်ဒိုအနောက်ပိုင်း ပင်လယ်ပြင်တွင် လှေမှောက်၍ ၁၀ ဦးသေဆုံးပြီး ငါးဦးပျောက်ဆုံးနေ

သြဂုတ် ၂၂ ။        ။ အင်ဒိုနီးရှား အနောက်ဘက်ဒေသ ပင်လယ်ပြင်တွင် သြဂုတ်လ ၂၁ ရက်က လှေငယ်တစ်စီး နစ်မြုှပ်ခဲ့မှုကြောင့် ၁၀ ဦးထိ သေဆုံးသွားကြောင်းနှင့် အခြားပျောက်ဆုံးနေသူ ငါးဦးကို ရှာဖွေကယ်ဆယ်နေရကြောင်း တာဝန်ရှိသူများက ပြောသည်။

ခရီးသည် ၁၇ ဦးလိုက်ပါလာသော ယင်းလှေငယ်လေးသည် ဆူမားတြားကျွန်းစု အရှေ့ပိုင်း Tanjung Pinang ဆိပ်ကမ်းမြို့မှ ထွက်ခွာလာစဉ်  ဆိုးရွားသည့် ရာသီဥတုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း အင်ဒိုရေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ် Edi Sucipto က ပြောသည်။

" ကျွန်တော်တို့ လူ ၁၂ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်၊ ဆယ်ယောက်ကတော့ အသက်မရှိကြတော့ပါဘူး၊ ကျန်တဲ့နှစ်ယောက်ရဲ့ အခြေအနေကလည်း စိုးရိမ်နေရပါတယ်" ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ရေတပ်စပိဘုတ်ဖြင့် ကျန်ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေလျက်ရှိသည်။ အဆိုပါလှေငယ်မှာ စက်တပ်မော်တာတစ်လုံးသာ တပ်ဆင်ထားသည်ဟု သိရသည်။

အင်ဒိုနီးရှားရှိ ကျွန်းစုပေါင်း ၁၇,၀၀၀ ကျော်တွင် တစ်နေရာနှင့်တစ်နေရာသွားလာရာ၌ လှေဖြင့်သွားလာမှုကိုသာ အဓိက မှီခိုအားထားနေရလျက်ရှိပြီး ယခုကဲ့သို့ လှေတိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများမှာ နိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ရှိနေသည်ဟု သိရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags