ရှီးအိုက် စစ်သားများအစုလိုက်အပြံုလိုက် ပြန်ပေးဆွဲသတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ပါ၀င်ကျူးလွန်ထားသည့် စစ်သွေးကြွ ၃၆ ဦးကို အီရတ်အစိုးရက ကြိုးပေးကွပ်မျက်

ရှီးအိုက် စစ်သားများအစုလိုက်အပြံုလိုက် ပြန်ပေးဆွဲသတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ပါ၀င်ကျူးလွန်ထားသည့် စစ်သွေးကြွ ၃၆ ဦးကို အီရတ်အစိုးရက ကြိုးပေးကွပ်မျက်

သြဂုတ်၂၂ ။                 ။ ၂၀၁၄ ခုနှစ်က ဘဂ္ဂဒက်မြို့ မြောက်ဘက် စစ်စခန်းတစ်ခုမှ ရှီးအိုက်စစ်သား ရာပေါင်းများစွာ ပြန်ပေးဆွဲ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တွင် ကျူးလွန်ပတ်သက်ခဲ့သည့် စစ်သွေးကြွ ၃၆ ဦးအား အီရတ်အစိုးရက သြဂုတ် ၂၁ ရက်တွင် ကြိုးပေးလိုက်သည်။

ပြီးခဲ့သည့်နှစ်နှစ်အကြာက ဆဒမ်ဟူစိန်၏ မွေးရပ်မြေ တီကရစ်မြို့ မြောက်ဘက် စစ်အခြေစိုက်စခန်းတစ်ခုမှ ထွက်ပြေးလာသော စစ်သား၁,၇၀၀ ကျော်ကို ဆွန်နီဂျီဟတ်ဝါဒီများနှင့် အပေါင်းပါ စစ်သွေးကြွများက ဖမ်းဆီးကာ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။

ယခု အစိုးရက ကြိုးပေးမှုတွင် ပါဝင်သူ ၃၆ ဦးမှာ အထက်ပါ စစ်သားများအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် အဓိက ပါဝင်ပတ်သက်ခဲ့သူများဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ကြိုးပေးမှုကို  Nasiriya မြို့တောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် လုပ်ဆောင်ခဲ့ကြောင်း တရားရေးဌာနက ပြောကြားသည်။

နိုင်ငံအနောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက အိုင်အက်စ်အုပ်စုတို့ ထိန်းချုပ်စိုးမိုးထားခဲ့ပြီးနောက်ပိုင်း အစိုးရ၏ ယခုကြိုးပေးမှုမှာ အရေအတွက်အများဆုံး ဖြစ်သည်။

သို့သော် အီရတ်အစိုးရ၏ ယခုကဲ့သို့ ဖမ်းဆီးရမိထားသော စစ်သွေးကြွများကို ကွပ်မျက်နေမှုများကြောင့် အပြစ်မဲ့သည့် ပြည်သူတစ်ချို့ ပါဝင်သွားမည်အရေးကိုပင် စိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောကြား ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly