တန်းဆင်းရန် ရုန်းကန် ရနိုင်သည်ဟု ဆန်းဒါးလန်းနည်းပြ မိုရက်စ် ပြော

တန်းဆင်းရန် ရုန်းကန် ရနိုင်သည်ဟု ဆန်းဒါးလန်းနည်းပြ မိုရက်စ် ပြော

သြဂုတ် ၂၂၊ အင်္ဂလန် ။         ။ မစ်ဒယ်ဘရော့အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ဆန်းဒါးလန်း အသင်းနည်းပြ ဒေးဗစ်မိုရက်စ်က ၎င်းတို့အသင်းအနေဖြင့် တန်းဆင်းရန် ရုန်းကန်ရနိုင်ကြောင်း ပြောဆိုလိုက်သည်။

မိုရက်စ်သည် နည်းပြဟောင်း ဆမ်အလာဒွိုက်စ်၏  နေရာကို ဆက်ခံပြီး ယခုနှစ်ရာသီသစ်တွင် ဆန်ဒါးလန်းအသင်းကို စတင်တာဝန်ယူထားသူ ဖြစ်သည်။ ပထမဆုံးပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီးနောက် မိုရက်စ်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဆန်းဒါးလန်းအသင်းတန်းဆင်းဇုန်တွင် ရုန်းကန်ရမည်ကို ပရိသတ်များက စိုးရိမ်နေကြသည်ဟု မိုရက်စ်အား သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ‘ဟုတ်ပါတယ်။ သူတို့စိုးရိမ်တာ မှန်ကန်ပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်စလုံး တန်းဆင်းဇုန်မှာ ရုန်းခဲ့ရတာဆိုတော့ သူတို့ စိတ်ကို ချက်ချင်းပြောင်းဖို့ မလွယ်ပါဘူး။

အချက်အလက်တွေကို ဖုံးကွယ်ထားနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ လူတွေအားလုံးက အပြောင်းအလဲကို ပြဇာတ်ဆန်ဆန် ချက်ချင်း ရရှိလိုကြပါတယ်။ ဒါကမလွယ်ပါဘူး’ ဟု ပြန်လည်   ဖြေကြားခဲ့သည်။

ဆန်းဒါးလန်းအသင်းသည် ပြီးခဲ့သည့်ရာသီလေးခုတွင် အဆင့် ၁၇၊ ၁၄၊ ၁၆၊ ၁၇ နေရာများတွင် ရပ်တည်ပြီး ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန်နေခြင်း ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags