တရုတ်နိုင်ငံရှိ မြေနီစစ်သည်တော်များ ပြတိုက်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်

တရုတ်နိုင်ငံရှိ မြေနီစစ်သည်တော်များ ပြတိုက်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်
Photo / Xinhua

မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်အနောက်မြောက်ပိုင်း ရှန်ကျိပြည်နယ်ရှိ ခန်ဘုရင်မင်းမြတ်လက်ထက် မြေနီစစ်သည်တော်နှင့် မြင်းရုပ်တုများ ထားရှိရာ ပြတိုက်သို့ သြဂုတ် ၂၀ ရက်က သွားရောက်လည်ပတ်သည်။

ငါးရက်တာ တရုတ်ခရီးစဉ် ဒုတိယမြောက်နေ့အဖြစ် ရှီအန်းပြတိုက်သို့ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် သွားရောက်လည်ပတ်ခြင်းဖြစ်သည်။

အဆိုပါ မြေနီစစ်သည်တော် စစ်တပ်မတော်ရုပ်တုများအား အင်ပါယာဘုရင်မင်းမြတ် ခန်ရှိဟောင်၏ ဂူသချိုင်းအား အစောင့်အရှောက်အဖြစ် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်တုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “အဓိကတော့ မြင်းရုပ်တုတွေက လှပချစ်စရာကောင်းပါတယ်။”ဟု ဧည့်သည်တော်မှတ်တမ်းတွင် ရေးသားခဲ့သည်။

ထိုပြင်ဒေါ်အောင်ဆန်းစုကြည်က ယင်းနေ့ နေ့လည်ပိုင်း၌ Famen ဂူဘုရားကျောင်းသို့လည်း သွားရောက်ခဲ့သည်။

ယခုဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်သည် ဧပြီလက NLD ပါတီ နိုင်ငံတော်အာဏာရပြီးနောက်ပိုင်း အာဆီယံမှလွဲ၍ အခြားနိုင်ငံအဖြစ် ပထမဆုံး တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly