သွေးသောက်ညီအစ်ကို ဆက်ဆံရေးအတွက် တရုတ်-မြန်မာ သံန္ဒိဌာန်ချ

သွေးသောက်ညီအစ်ကို ဆက်ဆံရေးအတွက် တရုတ်-မြန်မာ သံန္ဒိဌာန်ချ
China's Premier Li Keqiang, left, and Myanmar's State Counselor Aung San Suu Kyi, right, review an honor guard during a welcome ceremony at the Great Hall of the People in Beijing. Pic: AP

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အရ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးကို သွေးသောက်ညီအစ်ကိုဆက်ဆံရေး   ဖြစ်ထွန်းသည်အထိ  ဖော်ဆောင်သွားရေး   ရှေးရှုလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မတ်လအတွင်း အာဏာရပြီးနောက်ပိုင်း တရုတ်သို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။

အိမ်နီးချင်းများဖြစ်သည့် တရုတ်နှင့် မြန်မာနှစ်ဖက်စလုံးက အစိုးရတပ်နှင့် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများဖြစ်နေရာ နယ်စပ်ဒေသတွင် ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မြဲရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

သို့သော်လည်း အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရင်းနှီးမြုပ်နှံမှုရှိသည့် မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်ပြီး ရှေ့တိုးလုပ်ဆောင်မှုများ မရှိသေးပေ။ မြစ်ဆုံစီမံကိန်းမှာ တရုတ်၏ စွမ်းအင်လိုအပ်ချက်အတွက် အဓိကလုပ်ဆောင်နေသည့် ရပ်ဆိုင်းထားသော စီမံကိန်းဖြစ်ပြီး ယခုဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်၏ အဓိကဖြေရှင်းရမည့် ပြဿနာတစ်ရပ်လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ နိုင်ငံတော်တာဝန်ရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံအနေဖြင့် အဓိကကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နံှမှုနိုင်ငံကြီးအဖြစ် တရုတ်နိုင်ငံအား ဆက်ဆံလျက်ရှိစဉ် တရုတ်နိုင်ငံကလည်း ပြီးခဲ့သည့်နှစ်များအတွင်း ဖွံ့ဖြိုးမှုအားကောင်းနေသောမြန်မာနိုင်ငံကို ဗျူဟာခင်းကျင်း သံတမန်ဆက်ဆံရေးဖြင့် ဆက်ဆံလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငါးရက်တာခရီးစဉ်သည် နှစ်နိုင်ငံကြား မဟာဗျူဟာဆက်ဆံရေးကို မြှင့်တင်နိုင်လိမ့်မည်ဟု သမ္မတရှီကျင့်ဖျင်ကိုယ်တိုင်က မျှော်လင့်ထားကြောင်းပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက် မြစ်ဆုံစီမံကိန်းကို ရပ်တန့်ထားလင့်ကစား တရုတ်တာဝန်ရှိသူများက အဆိုပါစီမံကိန်းပြန်လည်စတင်ရန် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားပေးလျက်ရှိသည်။ တရုတ်နိုင်ငံပိုင်သတင်းစာကိုယ်၌ မြစ်ဆုံဆည်စီမံကိန်းကိစ္စရပ်အား ဖြေရှင်းနိုင်ရေး နည်းလမ်းရှာမည်ဟု နှစ်ဖက်သဘောတူညီခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly