တစ်မှတ်စီ ခွဲဝေသွားတဲ့ လက်စတာနဲ့ အာဆင်နယ်

တစ်မှတ်စီ ခွဲဝေသွားတဲ့ လက်စတာနဲ့ အာဆင်နယ်
(ဓာတ်ပုံ - အာဆင်နယ်)

သြဂုတ်လ (၂၀) ရက်နေ့ စနေနေ့ညနှောင်းပိုင်းက ပရီးမီးယားလိဂ် ပွဲစဉ် (၂) ကစားသွားတဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာနဲ့ အာဆင်နယ်တို့ တစ်မှတ်စီ ခွဲဝေသွားပါတယ်။

ပထမပိုင်းမှာ ဒရင့်ဝါတာဟာ အာဆင်နယ် နောက်ခံလူ ကိုစီယဲလ်နီနဲ့ ရင်ဆိုင်အတွေ့မှာ လဲကျခဲ့ပြီး လက်စတာတို့ ပင်နယ်တီ ရရှိနိုင်မယ့် အခွင့်အရေးရှိခဲ့ပေမယ့် ဒိုင်လူကြီး မာ့ခ်ကတ်တလန်ဘတ်က ပယ်ချခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လက်စတာတို့ အခွင့်အရေးကောင်းရရှိတဲ့ ဗာဒီရဲ့ (၆) ကိုက်အကွာက ဂိုးကန်သွင်းချက် လွှဲချော်ခဲ့ပါတယ်။

ဝဲလ်ကော့ရဲ့ ဂိုးကန်ချက်ကို လက်စတာတို့ တားဆီးနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး အခွင့်အရေး ရှုံးဆုံးခဲ့ပြီးမှာတော့ နှစ်ဖက်အသင်း ဂိုးမရှိ သရေကျခဲ့ပါတယ်။ လက်စတာနဲ့ အာဆင်နယ်တို့ဟာ အဖွင့်ပွဲမှာ ရှုံးပွဲတွေ့ကြပြီး နှစ်ပွဲဆက် နိုင်ပွဲပျောက်နေခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၂) စနေနေ့ ရလဒ်များ

မန်ယူ ၂-၀ ဆောက်သမ်တန်
စတုတ်စီးတီး ၁-၄ မန်စီးတီး
ဆွမ်ဆီး ဝ-၂ ဟားလ်စီးတီး
စပါး ၁-၀ ခရစ္စတယ်ပဲလေ့စ်
ဝက်ဖို့ဒ် ၁-၂ ချယ်လ်ဆီး
ဝက်စ်ဘရွန်း ၁-၂ အဲဗာတန်
ဘန်လေ ၂-၀ လီဗာပူးလ်
လက်စတာ ဝ-၀ အာဆင်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly