ယူကရိန်း အရှေ့ခြမ်းရှိ တိုက်ပွဲများနှင့်ပတ်သက်၍ ယူကရိန်းသမ္မတနှင့် အမေရိကန် ဒုသမ္မတတို့ ဆွေးနွေး

ယူကရိန်း အရှေ့ခြမ်းရှိ တိုက်ပွဲများနှင့်ပတ်သက်၍ ယူကရိန်းသမ္မတနှင့် အမေရိကန် ဒုသမ္မတတို့ ဆွေးနွေး

သြဂုတ် ၂၀ ။              ။ ယူကရိန်း နိုင်ငံအရှေ့ခြမ်းတွင် ပြီးခဲ့သည့် ကာလပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်အရှိန်မြင့်လာနေသည့် ကိစ္စနှင့်စပ်လျင်း၍ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကိုထံ ဖုန်းဆက်ဆွေးနွေးခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယူကရိန်းအရှေ့ပိုင်တွင် အစိုးရစစ်တပ်နှင့် ရုရှလိုလားသော ခွဲထွက်ရေးသူပုန်တို့အကြား တိုက်ပွဲများပြင်းထန်လာနေမှုနှင့်ပတ်သက်၍ အမေရိကန်အစိုးရဘက်က လွန်စွာ စိုးရိမ်ပူပန်မိကြောင်း ဒုသမ္မတက ပြောဆိုခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။

ဆက်လက်၍ ဒုသမ္မတက ရုရှ အစိုးရထံသို့လည်း ဆက်သွယ်အကြောင်းကြားခဲ့ပြီး လက်ရှိအခြေအနေများကို ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်နေကြကြောင်းနှင့် ရုရှတို့အနေဖြင့် အခြေအနေ တင်းမာနေမှုကို  ပြန်လည်အရှိန်လျှော့နိုင်ရန် လိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်ဟု သိရသည်။

တစ်ဘက်တွင်လည်း ယူကရိန်းအစိုးရကိုလည်း အခြေအနေများကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် အမေရိကန် ဒုသမ္မတက တိုက်တွန်းထားကြောင်းလည်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags