စျေးကွက်မပိတ်မီ ကစားသမားသစ်ခေါ်မည်ဟု ချယ်လ်ဆီးနည်းပြကွန်တီပြော

စျေးကွက်မပိတ်မီ ကစားသမားသစ်ခေါ်မည်ဟု ချယ်လ်ဆီးနည်းပြကွန်တီပြော

သြဂုတ် ၂၀၊ လန်ဒန် ။              ။ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားသစ်များခေါ်ယူသွားမည်ဟု ချယ်လ်ဆီးအသင်းနည်းပြကွန်တီက ပြောသည်။

စတမ်းဖို့ဒ်ဘရစ်ချ်နည်းပြသစ်သည် ၎င်းလက်ထက်တွင် ဘက်ချွေယီနှင့် ကန်တီတို့ကိုခေါ်ယူထားပြီးဖြစ်သော်လည်း ကစားသမားသစ်များထပ်မံခေါ်ယူရန် ရှာဖွေနေဆဲဖြစ်သည်။

နာပိုလီနောက်ခံလူ ကူလီဘာလီနှင့် ဒိုင်နမိုဇာဂရက်ဇ်မှ အက်ကွာဒိုတို့မှာ ချယ်လ်ဆီးနှင့်အပြောင်းအရွှေ့သတင်းများထွက်နေပြီး ကွန်တီကလည်း အသင်းအင်အားဖြည့်တင်းရန် ကြိုးစားနေသည်ဟု ပြောသည်။

“ပြိုင်ပွဲမတိုင်မီ အပြောင်းအရွှေ့ပေါ်လစီနဲ့ပတ်သက်ပြီးပြောပြဖို့တော့ ခက်ပါတယ်။ ကစားသမားတွေနဲ့ပတ်သက်ပြီး သင့်တော်တဲ့အချိန်မှာ အသင်းနဲ့ပြောဆိုဖို့က အရေးကြီးပါတယ်။
ချယ်လ်ဆီးအသင်းအင်အားတောင့်တင်းအောင် မှန်ကန်တဲ့အဖြေရဖို့စောင့်နေတယ်ဆိုတာကို ထပ်ပြောချင်ပါတယ်။ ကစားသမား တစ်ချို့ထပ်ခေါ်ဖို့ လုပ်နေပါတယ်။
အခုအချိန်က အသင်းအတွက်အမှန်တကယ်လိုအပ်တဲ့ကစားသမားရဖို့ခက်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ ရာသီဆိုး တစ်ခုကိုဖြတ်ကျော်ခဲ့ရပြီးမှ ရာသီသစ်ကိုစတင်နေရတာပါ”ဟု ကွန်တီက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly