ချန်ပီယံဆုအတွက် အသင်းလေးသင်းအပြိုင်ဖြစ်နိုင်ဟု ဂျူဗင်တပ်နည်းပြသုံးသပ်

ချန်ပီယံဆုအတွက် အသင်းလေးသင်းအပြိုင်ဖြစ်နိုင်ဟု ဂျူဗင်တပ်နည်းပြသုံးသပ်

သြဂုတ် ၂၀၊ တူရင် ။               ။ ဂျူဗင်တပ်အသင်းအနေဖြင့် စီးရီးအေရာသီသစ်တွင် လွယ်ကူမည်မဟုတ်ဘဲ ချန်ပီယံဆုအတွက် အသင်းလေးသင်းအပြိုင်ဖြစ်နိုင် သည်ဟု နည်းပြအယ်လီဂရီက ပြောဆိုလိုက်သည်။

ဂျူဗင်တပ်အသင်းသည် စီးရီးအေချန်ပီယံဆုကို ခြောက်နှစ်ဆက်တိုက်ရယူနိုင်ရန် ရေပန်းစားနေသည်။ ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်ယူအသင်းထံရောင်းချထားသော်လည်း နာမည်ကျော်ကစားသမားများဖြစ်သည့် အဲလ်ဗက်စ်၊ ဘန်နာတီယာ၊ ဟီဂူအင်၊ ပီဂျာကာ၊ ပီဂျာနစ်စသည့် ငါးဦးကိုခေါ်ယူထားသည်။

သို့သော် နာပိုလီ၊ ရိုးမား၊ အင်တာမီလန်တို့အပြင် အေစီမီလန်အသင်းကိုပါထည့်တွက်ရမည်ဖြစ်သဖြင့် ဂျူဗင်တပ်အသင်း၏ အပြောင်းအရွှေ့လုပ်ဆောင်မှုများက အလုံးစုံလွှမ်းမိုးနိုင်မည်မဟုတ်ဟု အယ်လီဂရီက ယူဆနေသည်။

“ဒီရာသီ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကြီးတွေက အင်တာ၊ နာပိုလီနဲ့ ရိုးမားတို့ဆိုတာကို သိထားပါတယ်။ သူတို့အားလုံး ချန်ပီယံဆု အတွက်တိုက်ပွဲဝင်ကြလိမ့်မယ်။
ပြိုင်ပွဲကတစ်နှစ်ထက်တစ်နှစ်ပိုခက်ခဲလာပြီး ငါးနှစ်ဆက်ချန်ပီယံအသင်းအတွက်လည်း ပိုပိုခက်လာပါတယ်။ တခြားအသင်းတွေ က ပိုပြီးနိုင်လိုစိတ်ပြင်းပြလာတာကို ပြီးခဲ့တဲ့နှစ်ကတည်းက ကြုံခဲ့ရပြီးပါပြီ”ဟု အယ်လီဂရီက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly