မန်ဟက်တန်မြို့ထဲက အဝတ်ဗလာမဲ့ ဒေါ်နယ်ထရမ့် ရုပ်တု ဖယ်ရှားခံရ

မန်ဟက်တန်မြို့ထဲက အဝတ်ဗလာမဲ့ ဒေါ်နယ်ထရမ့် ရုပ်တု ဖယ်ရှားခံရ
(ဓာတ်ပုံ - အီးပီအေ)

မန်ဟက်တန်မြို့ထဲရှိ ပြည်ထောင်စု ရင်ပြင်မှာ သဘာဝအသားအရောင် အဝတ်မပါ ကိုယ်လုံးတည်း ဒေါ်နယ်ထရမ့် ရုပ်တုကို နယူးယောက်အာဏာပိုင်များက ကြာသတေးနေ့က ဖယ်ရှားလိုက်ပါတယ်။

အဆိုပါရုပ်တုကို Indecline လို့လူသိများတဲ့ အနုပညာရှင်များ အုပ်စုရဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ရီပတ်ဘလီကန် သမ္မတအဖြစ် လျာထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ရုပ်တုကို လူသွားလူလာများတဲ့ နေရာမှာ ထားရှိတာဖြစ်ပါတယ်။ အကြောင်းကတော့ ထရမ့်ရဲ့ သဘောထားနဲ့ GOP ကိုယ်စားလှယ်လောင်းများရဲ့ ထုတ်ပြန်ချက်တွေကို ဆန္ဒပြတဲ့အနေနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်။

အဝတ်မပါတဲ့ ထရမ့်ရုပ်တုကို ရင်ပြင်မှာ ထားရှိပြီး (၂) နာရီအကြာမှာ ဖယ်ရှားခံလိုက်ရပါတယ်။ သင့်လျော်တဲ့ ခွင့်ပြုချက် မပါဘဲ အများပြည်သူအတွက် အနုပညာလက်ရာ ဖော်ပြခြင်းဟာ တရားမဝင်ဘူးလို့ မြို့တော် ပန်းခြံဦးစီးဌာနက ပြောပါတယ်။

ဖယ်ရှားမခံရခင်က ခရီးသွားများအပါအဝင် ဖြတ်သန်းသွာလာသူများစွာက ထိုပန်းပုရုပ်တုနဲ့အတူ ဓာတ်ပုံများ ရိုက်ယူသွားနိုင်ခဲ့ပါတယ်။

Ref; EFE

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly