တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများ လျော့ကျစေရန် ကျင့်ထုံးများ သတ်မှတ်ရေးဆိုင်ရာ မူဘောင်တစ်ခုကို တရုတ်နှင့် အာဆီယံနိုင်ငံများက လာမည့်နှစ်လယ်မတိုင်မီ သတ်မှတ်ရေးအတွက် ရည်မှန်းထားကြောင်း သိရသည်။
တောင်တရုတ် ပင်လယ်အတွင်းရှိ ပင်လယ်ရေကြောင်း သွားလာမှု လုပ်ငန်းတွင် ထိပ်တိုက် ရင်ဆိုင်မှုများကို ရှောင်ရှားနိုင်မည့် စည်းမျည်းများ သတ်မှတ်နိုင်ရေးအတွက် တရုတ်နှင့် အာဆီယံ ၁၀ နိုင်ငံတို့အကြား ၂၀၁၀ ပြည့်နှစ်မှစ၍ ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့သည်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယခုပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ တောင်တရုတ် ပင်လယ်တွင်း အရေးပေါ် ကိစ္စရပ်များဖြစ်ပေါ်လာပါက တရုတ်-အာဆီယံအရေးပေါ် ဖုန်းလိုင်းထူထောင်ရေးအတွက် လမ်းညွှန်ချက်များ သတ်မှတ်ခဲ့ကြောင်း ချိုင်းနားဒေလီ သတင်းစာက ဖော်ပြခဲ့သည်။