ကယ်လီဖိုးနီးယားတွင် တောမီးကြီးလောင်၍ လူထောင်ပေါင်းများစွာ ရွှေ့ပြောင်း

ကယ်လီဖိုးနီးယားတွင် တောမီးကြီးလောင်၍ လူထောင်ပေါင်းများစွာ ရွှေ့ပြောင်း

နယူးယောက်၊ သြဂုတ် ၁၈ ။      ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းလျက်ရှိရာ မီးသတ်သမားများ ကြိုးစားငြှိမ်းသတ်နေသော်လည်း တောမီးက ပိုမို၍    ပြင်းထန်ဆိုးဝါးလာနေသည်။

လော့စ်အိန်ဂျလိစ်အရှေ့ဖက် မီးလောင်ရာအရပ်မှ လူပေါင်း ၈၂၀၀၀ ကျော်ကို ဘေးလွှတ်ရာရွှေ့ပြောင်းကြရန် အမိန့်ထုတ်ထားသည်။

အဆိုပါ တောမီးက ကယ်လီဖိုးနီးယားနှင့် နီဗားဒါးကြားရှိ အိမ်ခြေရာခြေများနှင့် လမ်းပန်အဆောက်အအုံများကို လောင်ကျွမ်းပျက်စီးစေသည်။

မိုးခေါင်ခြောက်သွေ့မှုကြောင့် သြဂုတ် ၁၆ ရက်က တောမီးစလောင်ခြင်းဖြစ်ကာ နောက်တစ်ရက်အတွင်း စတုရန်းမိုင် ၄၇ မိုင်အထိ တောမီးဝါးမျိုးခဲ့ခြင်းဖြစ်သည်။

မီးလောက်မီးလျှံများ ကြီးမားပြီး ထိန်းချုပ်နိုင်ရေးခက်နေရာ မီးငြှိမ်းသတ်ရေးအတွက် မီးသတ်သမား ၁၃၀၀ က ဝိုင်းဝန်းငြှိမ်းသတ်နေရသည်။ မိမိ၏ လုပ်သက် ၄၀ ကျော်အတွင်း အဆိုးဝါးအပြင်းထန်းဆုံးသော မီးကို ကြုံတွေ့ဖူးခြင်း ဖြစ်ကြောင်း မီးသတ်အရာရှိတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags