လက်စတာစီးတီး တောင်ပံကစားသမား မာရက်ဇ် အသင်းနဲ့ သက်တမ်းတိုး

လက်စတာစီးတီး တောင်ပံကစားသမား မာရက်ဇ် အသင်းနဲ့ သက်တမ်းတိုး
(ဓာတ်ပုံ - အီးပီအေ)

လက်စတာစီးတီး တောင်ပံကစားသမား မာရက်ဇ်က လက်ရှိပရီးမီးယားလိဂ် ချန်ပီယံအသင်းနဲ့အတူ လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ခဲ့ပါတယ်။

အနာဂတ်မသေချာဖြစ်နေတဲ့ အယ်လ်ဂျီးရီးယားနိုင်ငံသား အသက် (၂၅) နှစ်အရွယ် မာရက်ဇ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်သို့ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ (၁၇) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၁) ကြိမ်ပြုလုပ်ခဲ့ပြီး PFA အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

မာရက်ဇာ်ဟာ အသင်းဖော်တွေဖြစ်တဲ့ မော်ဂန်၊ ဗာဒီ၊ ကပ်စ်ပါရှမိုက်ကယ်နှင့် အန်ဒီကင်းတို့နဲ့အတူ စာချုပ်သစ် ချုပ်ဆိုပြီး ၂၀၂၀ ခုနှစ်အထိ အသင်းမှာ ပူးပေါင်းမှာဖြစ်ပါတယ်။

မာရက်ဇ်ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ပြင်သစ်ဒုတိယတန်း Le Havre အသင်းကနေ လက်စတာအသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly