အိန္ဒိယတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စွန်လွှတ်ကြရာ၌ စွန်ကြိုးနှင့် ငြိကာ လည်ပင်း ပြတ်ရှ၍ လူသုံးဦး သေဆုံး

အိန္ဒိယတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စွန်လွှတ်ကြရာ၌ စွန်ကြိုးနှင့် ငြိကာ လည်ပင်း ပြတ်ရှ၍ လူသုံးဦး သေဆုံး

နယူးဒေလီ၊ သြဂုတ် ၁၇။         ။ အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေးနေ့၌ စွန်လွှတ်ကြရာတွင် မှင်စာတိုက်ထားသော စွန်ကြိုးက လည်ပင်းကို ပြတ်ရှစေရာမှ  ကလေးနှစ်ဦးအပါအဝင် လူသုံးဦး သေဆုံးသည်။

နယူးဒေလီ မြို့နှစ်နေရာတွင် အသက် ၃ နှစ်အရွယ် ဂိုယယ်နှင့် လေးနှစ်အရွယ် ဟာရီတို့က ၎င်းတို့၏ ကား၏ ခေါင်မိုးအပေါက်မှ စွန်လွှတ်ရာကို ကြည့်နေကြစဉ် ကြိုးက လည်ပင်းကို   ပြတ်ရှစေကာ သေဆုံးခြင်းဖြစ်သည် ။  နောက်ထပ်လူသေဆုံးမှုက အသက် ၂၂ နှစ်ရှိ ဇာဖာခန်းဆိုသူက ဆိုင်ကယ်စီးသွားနေစဉ် လည်ပင်းနှင့် စွန်ကြိုးငြိပြီး သေဆုံးရခြင်းဖြစ်သည်။

စွန်မျှားကြရာတွင် ပုလင်းကွဲစများ ထုချေကာ စွန်ကြိုးတွင် မှင်စာတိုက်၍ မျှားကြကာ ယှဉ်ပြိုင်ကြခြင်းဖြစ်သော်လည်း ယင်းကြောင့် ဒဏ်ရာရမှုများ၊ သေဆုံးမှုများဖြစ်ပွားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသားများက သြဂုတ် ၁၅ ရက်တွင် ကျရောက်သော လွတ်လပ်ရေးနေ့မျိုးကဲ့သို့ ပွဲလမ်းအခါသမယများတွင် စွန်လွှတ်စွန်မျှားခြင်းများ လုပ်ဆောင်ကြလေ့ရှိသည်။

သို့သော်လည်း နှစ်စဉ်နှစ်တိုင်းပင် စွန်ကြိုးနှင့် ငြိ၍ သေဆုံးခြင်း၊ ဒဏ်ရာအနာတရဖြစ်ခြင်းများ ဖြစ်ပွားတတ်သည်။
၂၀၁၅ ခုနှစ်အတွင်းက စွန်ကြိုးနှင့် ငြိ၍ အသက်ငါးနှစ်အရွယ် ယောက်ကျားလေးတစ်ဦး သေဆုံးကာ ၂၀၁၄ ခုနှစ်တွင် အသက်ငါးနှစ်ပဲရှိသည့် မိန်းကလေးတစ်ဦး စွန်ကြိုးကြောင့် သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags