နယူးကာဆယ်ကွင်းလယ်လူ ဆစ်ဆိုကိုအား ခေါ်ယူရန် အင်တာ၊ ဂျူဗီနှင့် အဲဗာတန်တို့ ကြိုးပမ်းနေ

နယူးကာဆယ်ကွင်းလယ်လူ ဆစ်ဆိုကိုအား ခေါ်ယူရန် အင်တာ၊ ဂျူဗီနှင့် အဲဗာတန်တို့ ကြိုးပမ်းနေ

သြဂုတ် ၁၇၊ အင်္ဂလန် ။               ။ အဲဗာတန်အသင်းသည် နယူးကာဆယ်ကွင်းလယ်ကစားသမား ဆစ်ဆိုကိုအား ခေါ်ယူရန် အလိုရှိနေပြီး စီးရီးအေထိပ်သီးအသင်းကြီးများဖြစ်သည့် အင်တာမီလန်၊ ဂျူဗင်တပ်စ်အသင်းတို့နှင့်အပြိုင် ကြိုးပမ်းလျက်ရှိနေသည်။

ပြင်သစ်လက်ရွေးစင်ကစားသမားသည် ယူရိုပြိုင်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။ ၎င်းကို နယူးကာဆယ်အသင်းက ရောင်းချရန် ဆန္ဒမရှိသော်လည်း ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း သတ်မှတ်ထားသည်။

နယူးကာဆယ်အသင်းမှာ ရာသီအဖွင့် ပွဲစဉ်နှစ်ပွဲတွင် ရလဒ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရပြီး လာမည့် ရီးဒင်းနှင့်ပွဲစဉ်တွင် ဆစ်ဆိုကို အားအသုံးပြုလိုလျက်ရှိနေသည်။

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ကတော့ ဆစ်ဆိုကိုအား အလိုရှိပါက မှန်ကန်သည့် ပြောင်းရွှေ့ကြေးပမာဏပေးရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

‘မော်ဒန်ဘောလုံးလောကမှ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာ ကျွန်တော်သိပါတယ်။ ဆစ်ဆိုကို ကို ဒီအကြောင်း ပြောပြပြီးပါပြီ။ ဒါပေမဲ့ ဒါက မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။

တစ်စုံတစ်ယောက်က သူ့ကို ခေါ်ယူချင်တယ်ဆိုရင်တော့ မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးပမာဏနဲ့ ကမ်းလှမ်းဖို့ လိုအပ်ပါတယ်။ ဒါကို ကျွန်တော်တို့ဘက်က စိစစ် သုံးသပ်သွားမှာပါ’ ဟု ဘင်နီတက်ဇ်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly