နယူးယောက်လမ်းပေါ် ဗလီဆရာအား ပစ်သတ်မှုဖြင့် လူတစ်ဦးအား ဖမ်းဆီးစစ်ဆေး

နယူးယောက်လမ်းပေါ် ဗလီဆရာအား ပစ်သတ်မှုဖြင့် လူတစ်ဦးအား ဖမ်းဆီးစစ်ဆေး

နယူးယောက်၊ သြဂုတ် ၁၆ ။             ။ ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်က နယူးယောက်ရှိ လမ်းမပေါ် ဗလီဆရာနှင့် လက်ထောက်ဖြစ်သူတို့အား သေနတ်ဖြင့် ပစ်သတ်မှုနှင့် ပတ်သက်ပြီး လူသတ်မှုဖြင့် လူတစ်ဦးအား နယူးယောက်ရဲဌာနက ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

အသက် ၃၅ နှစ်ရှိ အောက်စကာမိုရေးဆိုသူအား လိုင်စင်မဲ့လက်နက်ကိုင်ဆောင်မှုဖြင့်လည်း စစ်ဆေးနေခြင်းဖြစ်သည်။

အသက် ၅၅ နှစ်ရှိ ဗလီဆရာ အမမ်မူလာမာနှင့် လက်ထောက်ဖြစ်သူ အသက် ၆၄ နှစ်ရှိ တာရာအူဒင်တို့အား ကွင်းစီရင်စုရှိ ဗလီမှအထွက် လမ်းလျှောက်သွားနေစဉ် ခေါင်းအား တေ့ပစ်ခံရခြင်းဖြစ်သည်။

ထိုပစ်သတ်မှုက အမုန်းတရားဖြင့်ကျုးလွန်သည့် ရာဇဝတ်မှုဖြစ်သည်ဟု ဗလီဝတ်ပြုသူများက ပြောနေသော်လည်း ရဲဌာနက ယုံကြည်ကိုးကွယ်မှုကြောင့် ပစ်မှတ်ထားပစ်သတ်ခြင်းဆိုသည်ကို သက်သေမရှိကြောင်း ရဲက ပြောသည်။

ထိုပစ်ခတ်မှုဖြစ်ပြီးနောက် နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက မွတ်စလင်များက တယူသန်များ၏ ထိုးနှက်မှုများကို ခံနေရပြီဖြစ်ကြောင်း ပြောသည်။

ယခုဖမ်းဆီးထားသူ မိုရေးကို သြဂုတ် ၁၅ ရက် လူသတ်မှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကြောင်း ရဲဌာနက ထုတ်ပြန်သည်။

ပစ်ခတ်မှုဖြစ်ပြီးသည့် အချိန်ပိုင်းအတွင်း ကားဖြင့် ထွက်ပြေး၍ ကားကျပ်မှုများဖြစ်ခဲ့ရာမှ စီစီတီဗီမြင်ကွင်းအရ သြဂုတ် ၁၅ ရက်တွင် မိုရေးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags